20 C
Yangon

ညောင်ဦးတွင် အမျိုးသမီး ၁၀ ဦးကျော်ကို PDF ထောက်ပံ့သည်ဟုဆိုကာ စစ် တပ်က စွပ်စွဲ ဖမ်းဆီး ပြီး စစ်ကြောရေး တွင် မုဒိမ်းကျင့်

Must read

ညောင်ဦးတွင် အမျိုးသမီး ၁၀ ဦးကျော်ကို PDF ထောက်ပံ့သည်ဟုဆိုကာ စစ် တပ်က စွပ်စွဲ ဖမ်းဆီး ပြီး စစ်ကြောရေး တွင် မုဒိမ်းကျင့်

————————————————————–

▪️ မုဒိမ်းကျင့်သူများ တွင် စစစ အရာရှိ နောင်မင်းလတ်၊ ဗိုလ်ကြီး မျိုးညီ၊ စရဖ အရာရှိ တင်ထွန်းအောင် တို့ပါဝင်

ရန်ကုန်၊ ဇန်နဝါရီ ၂၀

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်တွင် အသက် ၂၀ အရွယ် အမျိုးသမီး ၁၀ ဦး ကျော် ကို PDF ထောက် ပံ့ သည်ဟု စွပ်စွဲကာ စစ်တပ်က ဖမ်းဆီးခဲ့ပြီး အဆိုပါ အမျိုးသမီးများကို စစ်ကြောရေးတွင် စစ်တပ်ဘက်မှ စစ်ဆေးသော အရာရှိ များ က ဖမ်းဆီးခံ အမျိုးသမီး တချို့ကို မုဒိမ်းကျင့်မှုများ ကျူး လွန် ကြောင်း သိရှိရသည်။

ဇန်နဝါရီလအတွင်း ညောင်ဦးမြို့နယ်တွင် အသက် ၂၀ ကျော် အမျိုးသမီး ၁၀ ဦး ကျော်ကို အကြမ်းဖက် စစ်တပ်၊ ညောင်ဦးမြို့နယ် အထူးစုံစမ်း စစ်ဆေး ရေး ဦးစီးဌာန (စစစ)နှင့် စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) တို့က ပူးပေါင်း ဖမ်းဆီးလိုက်ပြီး ဖမ်းဆီးရာတွင် PDF များကို ထောက်ပံ့သည်ဆိုသော စွပ်စွဲ ချက်ဖြင့် ဖမ်းဆီးကြောင်း၊ ယင်းသို့ ဖမ်းဆီးပြီးနောက် စစ်ကြောရေးတွင် အမျိုး သမီးများကို စစ်ကြောရေးလုပ်သူ စစ်တပ်အရာရှိများက မုဒိမ်းကျင့် ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ဖမ်းဆီးခံအမျိုးသမီးများကို မုဒိမ်းကျင့်မှု ကျူးလွန်သူများတွင် ညောင်ဦး မြို့ နယ် စစစ အရာရှိ နောင်မင်းလတ်၊ အကြမ်းဖက် စစ်တပ်မှ ဗိုလ်ကြီး မျိုးညီ၊ စစ်ဘက်ရေးရာလုံခြုံရေးအရာရှိ တင်ထွန်းအောင်တို့ပါဝင်ကြောင်း သိရှိရသည်။

“ညောင်ဦးမြို့ပေါ်မှာ စကစ က အမျိုးသမီး ငယ်တွေ ကို အဓိကထားပြီး ဖမ်း ဆီး နေပါတယ်။ အမျိုးသမီးငယ် ၁၀ ထက်မနည်း အဖမ်းခံထားရပါတယ်။ ကျောင်းဆရာမလေး ၊ NGO မှာ အလုပ်လုပ်တဲ့ ညီ အမ ၃ ဦး ကို လွန်ခဲ့သော တပတ်ခန့်က PDF ထောက်ပံ့တယ် ဆို ပြီး ဖမ်းသွားတယ်။ အဓိက အမျိုးသမီး ငယ်တွေကိုပဲ ဦးစားပေး အဓိက ဖမ်းနေပါတယ်။ စားသောက်ဆိုင် ပိုင်ရှင် ရဲ့ သမီးငယ်ကို လည်း ၅၀၅ က နဲ့ စွဲချက်တင်ပြီး ထောင် ၃ နှစ်ချမှတ် လိုက် တယ်။ အခြား အမျိုးသမီးလည်း ဖမ်းဆီးခံရတယ်။ အကုန်လုံးတော့ အမည်တွေ မသိရ သေးဘူး။ နောက်ပြီး ဖမ်းဆီးခံရတဲ့ အမျိုးသမီးတချို့ကို စစ်ကြောရေးမှာ လိင် ပိုင်း ဆိုင်ရာ စော်ကားမှုတွေပြုလုပ်ပြီး မုဒိမ်းပြုကျင့် မှုတွေ ရှိတယ်လို့ သိရ ပါတယ်” ဟု ပုဂံပြည် ဘီလူးတပ်မှ တာဝန်ခံ တစ်ဦး ကပြောဆိုသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဇော်မင်းထွန်း၊ ညောင် ဦး မြို့နယ် စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများက တရားဝင် ဆက်သွယ်၍ စစ်တပ်က စစ်ကြောရေးတွင် အမျိုးသမီးများကို မုဒိမ်းကျင့်မှု ရှိနေသော သ တင်းများအပေါ် မေးမြန်းရန် ကြိုးစားခဲ့သော်လည်း အဆက်အသွယ်မရရှိပေ။

- Advertisement -spot_img

More articles

- Advertisement -spot_img

Latest article