35 C
Yangon

တနင်္သာရီမြို့ပေါ် အမြောက်တပ်၊ လ၀ကရုံး၊ စရဖရုံးတို့ကို ပစ်ခတ်တိုက်ခိုက်၊ မတ္တရာတွင် မဲစာရင်းကောက်နေသော အဖွဲ့ကို ဒရုန်းဖြင့် ဗုံးကျဲ

Must read

တနင်္သာရီမြို့ပေါ် အမြောက်တပ်၊ လ၀ကရုံး၊ စရဖရုံးတို့ကို ပစ်ခတ်တိုက်ခိုက်၊ မတ္တရာတွင် မဲစာရင်းကောက်နေသော အဖွဲ့ကို ဒရုန်းဖြင့် ဗုံးကျဲ

ရန်ကုန်၊ ဇန်နဝါရီ ၂၄

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော တနင်္သာရီ တံတား စစ်ဆေးရေးဂိတ်၊ စရဖရုံး၊ လဝက ဦးစီးအရာရှိအိမ်ရာ၊ ဗောဓိကုန်းတံတားရှိ လက်နက်ကြီးတပ်နေရာတို့ကို တော်လှန် ရေးအင်အားစုများက ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ထံမှ သိရှိရသည်။

ယနေ့ ဇန်နဝါရီလ ၂၄ ရက် နံနက် ၄ နာရီခန့်က အကြမ်းဖက်စစ်တပ် ကမ္မလိုင်းတပ်ကို ဝင်ရောက် ပစ် ခတ်တိုက်ခိုက်ရာ အကြမ်း ဖက် စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း၊ နေ့လည် ၁၂ နာရီဝန်း ကျင် တွင်လည်း တနင်္သာရီ တံတား စစ်ဆေးရေးဂိတ်၊ စရဖရုံး၊ လဝက ဦးစီးအရာရှိနေအိမ်၊ ဗောဓိကုန်း တံတားရှိ လက်နက်ကြီးတပ်နေရာတို့အားတော်လှန်ရေးအင်အားစုများမှ ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။

“စစ်ခွေးတွေက လက်နက်ကြီးတွေနဲ့ထုနေလို့ ဝင်တိုက်ကြတာ၊ စစ်ခွေးတွေအထိနာတယ်၊ နာရေး ကားနဲ့လာတင်သွားကြတယ်၊ အရေအတွက် ဘယ်လောက်လဲဆိုတာ မသိရသေးဘူး၊ စစ်ခွေးတွေက ကျေးရွာတွေကိုလက်နက်ကြီးနဲ့ ထုတာ ဒဏ်ရာရတဲ့သူတွေရှိတယ်” ဟု ဒေသပြည်သူ့ကာ ကွယ်ရေးတပ်မှ ရဲဘော်တစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် တနင်္သာရီ မြို့ပေါ်ရှိ ပြည်သူ ၄ ဦး လက်နက်ကြီး ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း၊ မောတုန်းရွာအတွင်းတွင်လည်း အကြမ်းဖက် စစ်တပ်မှ ပစ်ခတ်သောလက်နက်ကြီး ကျည် ကျရောက်ပေါက်ကွဲကာ ပြည်သူ ၃ ဦးထိမှန်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

ယမန်နေ့ ဇန်နဝါရီလ ၂၃ ရက် နေ့ကလည်း အကြမ်းဖက်စစ်တပ်၏ ၃၀၆ အမြောက်တပ်ကို တနင်္သာရီ မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ထိခိုက်မှုရှိပြီး အတိအကျမသိရသေးကြောင်း၊ တနေကုန်နီးပါး အပြန်အလှန်တိုက်ပွဲဖြစ်ခဲ့ပြီး အကြမ်း ဖက်စစ်တပ်မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ ဘန်းလမွတ်ကျေးရွာနေ ပြည်သူ ၄ ဦး လက် နက်ကြီးစ ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဟင်္သာကုန်းကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီအလိုကျ ရွေးကောက် ပွဲအ တွက် မဲစာရင်းလိုက်ကောက်နေသော အဖွဲ့အား ဒရုန်းဖြင့် ဗုံး ကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယနေ့ဇန်နဝါရီလ ၂၄ ရက်တွင် စစ်ကောင်စီအလိုကျ ရွေး ကောက်ပွဲမဲစာရင်းလိုက်ကောက်နေသော အဖွဲ့ အား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဒရုန်း ၄ စီးဖြင့် ဗုံးသီးများ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သေဆုံးထိ ခိုက်မှုအတိအကျမသိရသေးကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက် မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“စစ်ခွေး ၂၀ လောက်နဲ့ မဲစာရင်းလာကောက်တာ၊ ဗုံးသီး ၇ လုံးကြဲချတာ၊ နှစ်လုံးက မကွဲဖူး၊ စစ်ခွေးတွေ ဘုန်းကြီးကျောင်းနဲ့၊ စာသင်ကျောင်းမှာ တပ်စွဲနေတုန်း ဗုံးချခဲ့တာ၊ ပြည်သူတွေမရှိတဲ့နေရာပေါ့၊ စစ်ကောင်စီအလိုကျ မဲစာရင်းကောက်နေတဲ့ ဘယ်သူ့ကို မဆို ခွင့်လွှတ်မှာ မဟုတ်ပါဘူး” ဟု Unicorn UG တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို ဗိုလ်ကောင်းကင်၏တော်လှန်ရေးအင်အားစု ၊ ADRF (Madaya) ၊ SKY HERO (Madaya) ၊ ဒေါင်းစစ်သည် (Madaya) ၊ A B R F – Madaya ၊ နတ်ဆိုး‌မြေအောက်တော် လှန်ရေးတပ်ဖွဲ့ ၊ Unicorn Guerrilla Force တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ – တနင်္သာရီကာကွယ်ရေးပျောက်ကြားတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article