29 C
Yangon

တောင်ငူထောင်ရှိ သမ္မတ ဦးဝင်းမြင့်ထံသို့ ဇနီးဖြစ်သူ ဒေါ်ချိုချိုက ထောင်၀င်စာပို့ရန် လူကိုယ်တိုင် သွားရောက် ကြိုးစားသော်လည်း စစ်ကောင်စီက တောင်ငူထောင်တွင် သမ္မတဦးဝင်းမြင့် မရှိဟုဆိုကာ ငြင်းပယ်

Must read

တောင်ငူထောင်ရှိ သမ္မတ ဦးဝင်းမြင့်ထံသို့ ဇနီးဖြစ်သူ ဒေါ်ချိုချိုက ထောင်၀င်စာပို့ရန် လူကိုယ်တိုင် သွားရောက် ကြိုးစားသော်လည်း စစ်ကောင်စီက တောင်ငူထောင်တွင် သမ္မတဦးဝင်းမြင့် မရှိဟုဆိုကာ ငြင်းပယ်

ရန်ကုန်၊ ဇန်နဝါရီ ၂၄

ပဲခူးတိုင်း၊ တောင်ငူအကျဉ်းထောင်တွင် စစ်တပ်က မတရား ဖမ်းဆီး အကျဉ်းချထားသော သမ္မတ ဦးဝင်းမြင့်ထံသို့ ဇနီးဖြစ်သူ သမ္မတကတော် ဒေါ်ချိုချိုက ထောင်ဝင်စာပို့ရန် လူကိုယ်တိုင် သွားရောက် ကြိုးစားခဲ့သော်လည်း စစ်ကောင်စီက ငြင်းပယ်သဖြင့် ထောင်ဝင်စာများ ယူ၍ ပြန်သွားရကြောင်း ပြည်ထဲရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြု ပြောဆိုသည်။

ဇန်နဝါရီလ ၂၃ ရက်နေ့ မွန်းလွဲပိုင်းတွင် သမ္မတကတော် ဒေါ်ချိုချိုက တောင်ငူအကျဉ်းထောင်သို့ ထောင်ဝင်စာ အစားအသောက်များနှင့်အတူ ရောက်ရှိလာပြီး ထောင်ဝင်စာပို့ရန် ကြိုးပမ်းကြောင်း၊ အကျဉ်းထောင်ဂိတ်တွင် သမ္မတကတော် ဒေါ်ချိုချိုကို စောင့်ဆိုင်းခိုင်းပြီး အကျဉ်းထောင် အရာရှိ များက ပြည်ထဲရေးဝန်ကြီး စိုးထွဋ်ထံသို့ အကြောင်းကြားကြောင်း၊ ယင်းနောက် သမ္မတ ဦးဝင်းမြင့် တောင်ငူအကျဉ်းထောင်တွင် မရှိဟုဆိုကာ ငြင်းပယ်လိုက်သဖြင့် သမ္မတကတော် ဒေါ်ချိုချိုနှင့် မိသားစုဝင်များ ပြန်လှည့်သွားရကြောင်း သိရှိရသည်။

“မနေ့က ထောင်ဝင်စာ လာပို့တာပါ။ ဂိတ်ပေါက်မှထောင်ဝန်ထမ်းများက သမ္မတဉီးဝင်းမြင့် မရှိဟု ဆိုကာ အပို့မခံပါဘူး။ ပထမတော့ ညှိသေးတယ်။ နောက်တော့ ညှိလို့မရတော့ မရှိဘူး ဟုငြင်း လိုက်တာ။ အန်တီချိုတို့ ပြန်သွားကြတယ်” ဟု ပြည်ထဲရေး သတင်းရင်းမြစ်က ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက် အာဏာလုစစ်ကောင်စီက နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ကို မတရားဖမ်းဆီးကာ ထောင်သွင်းအကျဉ်းချထားခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article