34 C
Yangon

မန္တလေးမြို့ရှိ စစ်တပ်ပိုင် ရတနာပုံခန်းမအနီးတွင် မိုင်းခွဲတိုက်ခိုက်မှုဖြစ်ပွားပြီး စစ်သား ၂ ဦးသေဆုံးဟုဆို

Must read

မန္တလေးမြို့ရှိ စစ်တပ်ပိုင် ရတနာပုံခန်းမအနီးတွင် မိုင်းခွဲတိုက်ခိုက်မှုဖြစ်ပွားပြီး စစ်သား ၂ ဦးသေဆုံးဟုဆို

ရန်ကုန်၊ ဇန်နဝါရီလ ၂၅

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၇၈ လမ်းနှင့် ၃၈ လမ်းထောင့်ရှိ အကြမ်း ဖက်စစ်ကောင်စီပိုင် ရတနာပုံခန်းမကို လုံခြုံရေးယူထားသည့် အကြမ်းဖက် စစ် သား များကို မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း မြနန္ဒာ စစ်ဆင်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဇန်နဝါရီလ ၂၅ ရက်နေ့ ည ၈ နာရီခန့်အချိန် မင်းအောင်လှိုင်ပိုင် ရတနာ ပုံခန်းကို အကြမ်းဖက်စစ်သား အများအပြားဖြင့် တပ်စွဲပြီး ပြည်သူလူထုကို ဒုက္ခ ပေးနေသော အကြမ်းဖက်စစ်သားများကို အထူးပြုလုပ် ထားသော မိုင်း တစ်လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး ကင်းစောင့်နေသော အကြမ်းဖက် စစ် သား များကို ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“စစ်ခွေး နှစ်ကောင်သေတယ်၊ အထိအခိုက်လဲများတယ်၊ လူနာတင်ကားတွေလဲ ဝင်သွားတယ်၊ သေနတ် နဲ့လဲ ပြန်ပစ်ခတ်ခဲ့သေတယ်။ သူတို့ဘက်ကလည်း ပြန် ပစ်တာ တွေရှိတယ်၊ မစ်ရှင်လုပ်ဆောင်ခဲ့တဲ့ ရဲ ဘော်တွေ အထိအခိုက်မရှိခဲ့ ပါ ဘူး။”ဟု မြနန္ဒာစစ်ဆင်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ် သစ် သတင်း ဌာနထံသို့ ပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို ACID Army People Defense Force Mandalay တပ်ဖွဲ့နှင့် မြနန္ဒာစစ်ဆင်ရေး (မန္တလေး)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယမန်နေ့ ဇန်နဝါရီလ ၂၄ ရက် ညပိုင်းက ၆၂ လမ်း၊ တွတ်ပီ ကွေ့တွင် ဗုံး တစ် လုံးချကာ စစ်ကြေညာခဲ့ခြင်းဖြစ်ကြောင်း မြနန္ဒာစစ်ဆင်ရေး(မန္တလေး) အဖွဲ့က ထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်အုပ်စုမှ ကျင်းပမည့် ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် ကူညီ နေကြသော စစ်တပ် နောက်လိုက် အုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်မှူး၊ ရာအိမ် မှူး များကိုလည်း စစ်ရေးပစ်မှတ် အဖြစ် တိုက်ခိုက် သွားမည် ဖြစ် ကြောင်း၊ မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်သားများ၊ ဒေါက်တိုင်များ ဖြင့် ဝေးဝေး နေကြရန်နှင့် အကြမ်းဖက် စစ်အာဏာရှင် စနစ်အမြစ်ဖြတ်နိုင်ရန် ထုတ်လုပ်ရေးအတွက် လိုအပ်နေသော ငွေကြေးများ ထောက်ပံ့ပေးကြပါရန် မန္တလေးမြို့ပြပြောက်ကျားတပ်ဖွဲ့များက အသိပေးမေတ္တာရပ်ခံ ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article