34 C
Yangon

ရွှေဘိုမြို့နယ်၊ မြင်းစီးရွာ စစ်စခန်းကို PDF များက ဝင်ရောက်တိုက်ခိုက်မှု ပျူစောထီး ၁၀ ဦးထက်မနည်းသေဆုံးပြီး ဖမ်းဆီးရမိသူ အများ အပြားရှိ

Must read

ရွှေဘိုမြို့နယ်၊ မြင်းစီးရွာ စစ်စခန်းကို PDF များက ဝင်ရောက်တိုက်ခိုက်မှု ပျူစောထီး ၁၀ ဦးထက်မနည်းသေဆုံးပြီး ဖမ်းဆီးရမိသူ အများ အပြားရှိ

ရန်ကုန်၊ ဇန်နဝါရီ ၂၆

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မြင်းစီးရွာရှိ ပျူစောထီးစခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၁၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း Shwe Bo Local People Defense Force မှ တာဝန်ရှိသူတစ်ဦးက ရန် ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ဇန်နဝါရီလ ၂၅ ရက်နေ့ ညပိုင်း ပျူစောထီးခေါင်းဆောင် ဌေးအောင်ဦးဆောင် သော အကြမ်းဖက် စစ်သား၊ ပျူစောထီး အင်အား ၃၀ ခန့်ရှိ ပျူစခန်းများကို ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၁၀ ဦး ထက်မနည်း သေဆုံးပြီး မြင်းစီးရွှေကျောင်းတိုက်ထဲမှ ပျူစောထီး ထောက် တိုင်အချို့ကို ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။

“ညတိုက်ပွဲမို့ လက်နက်တော့မရခဲ့ဖူး၊ ပျူခေါင်းဆောင် ဌေးအောင် ကောက်ခံ နေသမျှ ပေးနေတဲ့ ပျူ ထောက်တိုင်တစ်ချို့တော့ ဖမ်းမိခဲ့တယ်၊ သူပစ် ကိုယ် ပစ် ခတ်ရင်း ပျူ ၁၀ ကောင်ထက်မနည်းသေတယ်၊ ကျနော်တို့ဘက် ကလည်း တစ်ဦး ဗိုက်ထိမှန်ဒဏ်ရာနဲ့ ခြေထောက် ဒဏ်ရာသူ တစ်ယောက် ရှိခဲ့တယ်၊ မစိုးရိမ်ပါဘူး၊ ပျူကောင်တွေ ကိုယ်ချင်းစာတတ်အောင် မီးမရှို့ချင်ပေမယ့် သူတို့ နေတဲ့အိမ်တွေကို မီးနည်းနည်းလေးရှို့ထားခဲ့တယ်” ဟု Shwe Bo Local People Defense Force မှ တာဝန်ရှိသူတစ်ဦးက ရန် ကုန်ခေတ်သစ် သတင်း ဌာန ထံသို့ ပြောကြားသည်။

ယင်းတိုက်ခိုက်မှုကို စစ်ကူလာသည့် စစ်ကားကိုလည်း ညောင်လှ ကျေးရွာ အနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ ကြောင်း၊ ရွှေဘိုမြို့မှ စစ်ကူကားနှစ်စီးဖြင့် မြင်းစီး ရွာ နှင့် ၂ မိုင်ခန့်အကွာရှိ စိုက်ပျိုးရေး သိပ္ပံကျောင်းအ တွင်းသို့ တပ်အင်အား ဖြည့်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ တောင် ပိုင်း တိုင်း စစ်ဒေသ၊ ကျားသစ်နက်စစ်ကြောင်း၏ စစ်ရေး စွမ်းရည်ပြသမှု မြင် ကွင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article