36 C
Yangon

ကနီတွင် စစ်တပ် စက်လှေထံမှ သိမ်းဆည်း ရမိသော ဆန်များကို PDF တပ်ဖွဲ့က ပြည်သူများထံ ထောက်ပံ့လှူဒါန်း

Must read

ကနီတွင် စစ်တပ် စက်လှေထံမှ သိမ်းဆည်း ရမိသော ဆန်များကို PDF တပ်ဖွဲ့က ပြည်သူများထံ ထောက်ပံ့လှူဒါန်း

ရန်ကုန်၊ ဇန်နဝါရီ ၁၇

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စက်လှေထံမှ သိမ်းဆည်းရမိသော ဆန်များကို PDF တပ်ဖွဲ့က ပြည်သူများကို ပြန်လည် လှူဒါန်းခဲ့ကြောင်း ကျောက်လုံးကြီး KLG PDF အဖွဲ့မှ ပြန်ကြားရေး တာဝန်ခံက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။

ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ကျောက်လုံးကြီး KLG PDF အဖွဲ့က အကြမ်းဖက် စီးနင်းမီးရှို့ဖျက်ဆီးခဲ့သည့် နတ်ကြီးရွာနှင့် အလယ်ကျွန်းပျူရွာမှ ဒေသခံ ပြည်သူများကို ဆန်များ သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၃ ရက်နေ့တွင် ကျောက်လုံးကြီး KLG PDF အဖွဲ့က အကြမ်းဖက် စစ်တပ် သက်လှေတစ်စီးနှင့် ရိက္ခာများကို သိမ်းဆည်းရမိခဲ့​ကြောင်း၊ စက်လှေပေါ်မှ သိမ်းဆည်းရမိသော ရိက္ခာများထဲမှ ဆန် ၄၅ တင်းကို နတ်ကြီးရွာ မီးဘေးသင့်ပြည်သူများ ပြန်လည်ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း၊ ကနီမြို့နှင့် အလယ်ကျွန်းပျူရွာမှ စစ်ဘေးရှောင် အိမ်ထောင်စု ၄၅ စုကိုလည်း ဆန် ၁၅ တင်း ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၃ ရက်၊ ၄ ရက်နှင့် ၅ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်မှ စစ်သားများက ကနီမြို့နယ် နတ်ကြီးကျေးရွာတွင် တပ်စွဲနေထိုင်ပြီး ပြည်သူပိုင် နေအိမ် ၈၄ လုံးကို မီးရှို့ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article