31 C
Yangon

ကနီမြို့နယ်တွင် လွတ်လပ်ရေးနေ့ အကြို စစ်အာဏာရှင် တော်လှန်ရေး ဟောပြောပွဲ ပြုလုပ်

Must read

ကနီမြို့နယ်တွင် လွတ်လပ်ရေးနေ့ အကြို စစ်အာဏာရှင် တော်လှန်ရေး ဟောပြောပွဲ ပြုလုပ်

ရန်ကုန်၊ ဇန်နဝါရီ ၃

ကနီမြို့နယ်တွင် ကျေးလက် သူပုန် သပိတ်စစ်ကြောင်းမှ ဦးဆောင်ကာ ယနေ့ ဇန်နဝါရီလ ၃ ရက်နေ့တွင် လွတ်လပ်ရေးနေ့ အကြို စစ်အာဏာရှင် တော်လှန်ရေး ဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် အာဇာနည်သူရဲကောင်းများသည် ကိုလိုနီစနစ်ကိုဆန့်ကျင်တော်လှန်ပြီး ရရှိခဲ့တဲ့ လာမည့်ဇန်နဝါရီလ ၄ ရက်နေ့မှာ ကျရောက်မဲ့ လွတ်လပ်ရေးနေ့ဟာ သူ့ကျွန်ဘဝရဲ့ လွတ်လပ်ရေးသပ်သပ်မျှသာဖြစ်ပါတယ်။ အချိန်ကာလ ကြာမြှင့်စွာ ကြီးစိုးလာခဲ့တဲ့ စစ်အာဏာရှင်တွေရဲ့ စစ်ကျွန်ဘဝအဖြစ်ကနေတော့ ကျနော်တို့လူထု ယခုအချိန်ထိ မလွတ်လပ်ကြသေးပါဘူး။ ဒါကြောင့် ကျနော်တို့ရဲ့ အဖိနှိပ်ခံ ပြည်သူလူထုကြီးဟာ အမှန်တကယ်လွတ်လပ်ရေးကို ရှေးရှုပြီး ယခုကျရောက်လာမည့် လွတ်လပ်ရေးနေ့မှစ၍ အမှန်တကယ်လွတ်မြောက်လိုစိတ်အပြည့်နဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်သွားကြရမှာပဲဖြစ်ပါတယ်” ဟု ကျေးလက် သူပုန် သပိတ်စစ်ကြောင်းမှ တော်လှန် လူငယ်များက ဟောပြောခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article