29 C
Yangon

ကနီမှာ စစ်တပ်ကို အထိနာအောင် ခုခံတိုက်ခိုက်နိုင်ခဲ့တဲ့ အောင်ပွဲပြန် PDF တပ်တွေကို ပြည်သူထောင်ချီ သောင်းသောင်းဖြဖြကြိုဆို

Must read

ကနီမှာ စစ်တပ်ကို အထိနာအောင် ခုခံတိုက်ခိုက်နိုင်ခဲ့တဲ့ အောင်ပွဲပြန် PDF တပ်တွေကို ပြည်သူထောင်ချီ သောင်းသောင်းဖြဖြကြိုဆို

ရန်ကုန်၊ ဇန်နဝါရီ ၁၃

စစ်ကောင်စီတပ်တွေ အရှုံးနှင့်ပြန်ဆုတ်သွားအောင် ခုခံတွန်းလှန်ပြီး အောင်ပွဲနှင့်အတူပြန်လာကြတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ဇန်နဝါရီ ၁၂ ရက်နေ့မှာကနီမြို့နယ်အတွင်းကျေးရွာ နှစ်ဆယ်နီးပါးက ပြည်သူ ထောင်ချီပြီးကြိုဆိုခဲ့ကြတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ပြည်သူတွေဟာ စုရပ် (၇)ခုမှာ စုဝေးပြီး အောင်သပြေပန်းတွေ အိုးစည်ဒိုးပတ် အကအခုန်တွေနဲ့ သောင်းသောင်းဖြဖြကြိုဆိုကာ အစားအသောက်များ ဧည့်ခံ ကျွေးမွေးတာ တော်လှန်ရေးထောက်ပံ့ငွေလှူဒါန်းတာတွေကိုပြုလုပ်ခဲ့ကြတယ်လို့သိရပါတယ်။

” ပီတိဖြစ်တယ်။ ကျဆုံးသွားတဲ့ရဲဘော်တွေအတွက်လည်းဝမ်းနည်းတယ်။ တတ်နိုင်သလောက်လည်းလှူမယ်” လို့ဒေသခံတစ်ဦးကပြောပါတယ်။

စစ်ကိုင်းတိုင်း၊ကနီမြို့နယ်၊ချင်းတွင်းမြစ်ကြောင်းတလျှောက် ကုန်းကြောင်း၊ရေကြောင်းစစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းတွေကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက တစ်လာနီးပါးကြားခုခံတိုက်ခိုက်ပြီးအောင်ပွဲဆင်နိုင်ခဲ့ကြပါတယ်။

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလကတည်းကတစ်လနီးပါးကြာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ငါးဆယ်ကျော်သေဆုံးခဲ့သလို ဒေသခံကာကွယ်ရေးတပ်ဘက်ကလည်း ဆယ်ဦးဝန်းကျင်ထိခိုက်ကျဆုံးမူရှိခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီကသိရပါတယ်။

တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်သားတွေဆီကနေ လက်နက်ကြီး၊ငယ်တွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ MDF ကထုတ်ပြန်ပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article