28 C
Yangon

ကန့်ဘလူတွင် တိုက်ပွဲဖြစ်ပွားပြီး ဂုန်ညင်းရှိုရွာကို စစ်တပ်က မီးရှို့မှု နေအိမ် ၁၁ လုံးပြာကျ

Must read

ကန့်ဘလူတွင် တိုက်ပွဲဖြစ်ပွားပြီး ဂုန်ညင်းရှိုရွာကို စစ်တပ်က မီးရှို့မှု နေအိမ် ၁၁ လုံးပြာကျ

ရန်ကုန်၊ ဇန်နဝါရီ ၂၄

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့​ကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများ အဖွဲ့ထံမှ သိရသည်။

ဇန်နဝါရီလ ၂၃ ရက်နေ့ ည ၉ နာရီ ၄၅ မိနစ်အချိန်၌ ကန့်ဘလူမြို့နယ် ညောင်ဇင်လေး(အနောက်)ရွာတွင် အထိုင်ချတပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို Kanbalu Underground Warrios၊ MPF U-18၊ လင်းယုန်နီ၊ စွန်ရဲ PLGFနှင့် ကန့်ဘလူတောင်ခြမ်း ဒေသခံ ပကဖ အဖွဲ့များ ပူးပေါင်းကာ ၈၁ မမ ၅ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

ဇန်နဝါရီ ၂၂ ရက်နှင့် ၂၃ ရက်နေ့တွင် ကန့်ဘလူမြို့နယ် ၊ဂုန်ညှင်းရှိုရွာကို ကိုးတောင်ဘို့အထိုင် စစ်ကောင်စီလက်အောက်ခံ ခြေမြန်တပ်ရင်း ၃၆၃ အင်အား ၅၀ ခန့်မှ နှစ်ရက် ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့သောကြောင့် ပြည်သူပိုင် နေအိမ် ၁၁ လုံး မီးလောင်ပြာကျခဲ့ကြောင်း၊ဟဂုန်ညှင်းရှိုရွာသည် အိမ်ခြေ စုစုပေါင်း ၁၅၀ ရှိပြီး နိုဝင်ဘာလ ၁၅ ရက်နေ့ကလည်း ပထမအကြိမ် မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင် နေအိမ် ၄ လုံးနှင့် တဲ ၁ လုံး မီးလောင်ပြာကျခဲ့ကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများ အဖွဲ့ထံမှ သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article