30 C
Yangon

ကန့်ဘလူနှင့် ဝက်လက်တွင် စစ်တပ် တပ်စွဲထားသော နေရာများကို PDF တပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်

Must read

ကန့်ဘလူနှင့် ဝက်လက်တွင် စစ်တပ် တပ်စွဲထားသော နေရာများကို PDF တပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၁၂

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို PDF တပ်ဖွဲ့များက ၂ ရက်ဆက်တိုက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီ ၁၁ ရက်နေ့ ည ၉ နာရီ ၁၀ မိနစ်ခန့်တွင် ကန့်ဘလူမြို့ ဗျူဟာလမ်းဘေးရှိ စံပါယ်နံ့သာရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို Kanbalu Underground Warriors၊ မြေပြင်လှုပ်ရှား ညီနောင်များနှင့် စွန်ရဲအဖွဲ့ မဟာမိတ် ညီနောင်များ ပူးပေါင်းပြီး ၆၀ မမ ၈ လုံး ၊ ၁၂၀ မမ ၂ လုံးတို့ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

ဇန်နဝါရီ ၁၀ ရက်နေ့ ည ၈ နာရီ ၅၅ မိနစ်ခန့်ကလည်း ကန့်ဘလူမြို့နယ် ချောင်းကန်ရွာ နှင့် ဇာဒီရွာတို့တွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်တပ် Kanbalu Underground Warriors၊ လင်းယုန်နီနှင့် ကန့်ဘလူမြို့နယ် L – PDF မဟာမိတ်အဖွဲ့များ ပူးပေါင်းကာ ၆၀ မမ ၁၂ လုံးဖြင့် သွားရောက် ပစ်ခတ်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ စိုင်နိုင်လေးကွေ့တွင် တပ်စွဲထား အကြမ်းဖက် စစ်တပ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။

ဇန်နဝါရီလ ၁၀ ရက်နေ့တွင် စိုင်နိုင်လေးကွေ့၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့ကာ စစ်သားများ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို TRUE ARROW SPECIAL TASK FORCE – AYATAW (LPDF)၊ သံမဏိလိပ်ပြာ LPDF ၊ ဇွဲညီနောင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ ခွပ်ဒေါင်းသွေးမာန် ပြည်သူကာကွယ်ရေးအဖွဲ့ နှင့် မဟာမိတ်ဖွဲ့များက ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article