34 C
Yangon

ကန့်ဘလူ၊ ချောင်းကြားရွာကို စစ်တပ်က ဒုတိယအကြိမ် မီးရှို့ဖျက်ဆီးမှု နေအိမ် ၂၃ လုံးပြာကျပြီး ကျေးရွာ ၁၂ ရွာမှ ပြည်သူ ၁၀၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ

Must read

ကန့်ဘလူ၊ ချောင်းကြားရွာကို စစ်တပ်က ဒုတိယအကြိမ် မီးရှို့ဖျက်ဆီးမှု နေအိမ် ၂၃ လုံးပြာကျပြီး ကျေးရွာ ၁၂ ရွာမှ ပြည်သူ ၁၀၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ

ရန်ကုန်၊ ဇန်နဝါရီ ၂၉

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ချောင်းကြားရွာကို အကြမ်းဖက် စစ်တပ်က ဒုတိယအကြိမ် မီးရှို့မှု နေအိမ် ၂၃ လုံးပြာကျခဲ့ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် ကန့်ဘလူမြို့နယ်၊ ချောင်းကြားရွာကို အကြမ်းဖက် စစ်တပ် ခြေမြန်တပ်ရင်း – ၃၆၈ နှင့် ပျူစောထီး အင်အား ၁၂၀ ခန့်က ဒုတိယအကြိမ် ဝင်ရောက် စီးနင်း မီးရှို့ ဖျက်ဆီးခဲ့ပြီး နေအိမ် ၂၃ လုံးပြာကျကာ အနီးအနားရှိ ကျေးရွာ ၁၂ ရွာမှ ပြည်သူ ၁၀၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် ကျွန်းလှမြို့နယ်နှင့် ကန့်ဘလူ မြို့နယ် အစပ်ရှိ ပင့်သာ၊ ချောင်းကြား၊ ဖလားရ၊ အင်းမ၊‌ ညောင်ကုန်း၊ မန်ကျည်းကုန်း၊‌ တောင်ယာဆိပ်၊ သရက်တော၊ တကုန်း၊ ကုက္ကိုကုန်း၊ သံပုရာပင်စု၊ မြဘုံသာကျေးရွာ စသည့် ကျေးရွာပေါင်း ၁၂ ရွာမှ ပြည်သူ ၁၀၀၀၀ ကျော်သည် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

“ပြည်သူတွေ ထိခိုက်မှုတော့ မရှိပါဘူး။ ပြည်သူတွေကတော့ စစ်ကြောင်း ထွက်လာကတည်းက အကုန်ကြိုရှောင်နေကြတော့တာပါ။ ရွာထဲ မနေရဲကြတော့တာ အဲဒီ အကြမ်းဖက် စစ်ကြောင်းက ကျွန်းလှမြို့နယ်ထဲက ကံပေါက်ရွာ ဘုန်းကြီးကျောင်းမှာ အထိုင်ချ တပ်စွဲပြီး ကျွန်းလှနဲ့ ကန့်ဘလူမြို့နယ်အတွင်းကို လှည့်လည်စစ်ကြောင်းထိုးနေတာ” ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ချောင်းကြားရွာကို အကြမ်းဖက် စစ်တပ်က ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၄ ရက်နေ့တွင် ပထမ အကြိမ် မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင်နေအိမ် ၈ လုံးနှင့် စပါးကျီများ မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article