31 C
Yangon

ကယား ပြည်နယ်တွင် စစ်ကောင်စီ၏ ရွေးကောက်ပွဲ ခွင့်မပြုဘဲ တိုက်ဖျက် မည်ဖြစ်ပြီး မည်သူမှ နိုင်ငံရေးပါတီ ဖွဲ့စည်း ပါဝင် ယှဉ်ပြိုင်ခွင့် မရှိဟု DMO-PDF နှင့် KNDF တို့ ပူးတွဲ​ ကြေညာ

Must read

ကယား ပြည်နယ်တွင် စစ်ကောင်စီ၏ ရွေးကောက်ပွဲ ခွင့်မပြုဘဲ တိုက်ဖျက် မည်ဖြစ်ပြီး မည်သူမှ နိုင်ငံရေးပါတီ ဖွဲ့စည်း ပါဝင် ယှဉ်ပြိုင်ခွင့် မရှိဟု DMO-PDF နှင့် KNDF တို့ ပူးတွဲ​ ကြေညာ

ရန်ကုန်၊ ဇန်နဝါရီ ၂၈

ကရင်နီ(ကယား) ပြည်နယ်အတွင်း အကြမ်းဖက် စစ်ကောင်စီ၏ ရွေးကောက်ပွဲ လုပ်ငန်း စဥ် မှန် သမျှ တစ်ညီတစ်ညွတ်တည်း တိုက်ဖျက်မည်ဟု DMO-PDFနှင့် KNDF တို့က ယနေ့ ဇန်နဝါရီလ ၂၈ ရက်စွဲဖြင့် ပူးတွဲ​ကြေညာသည်။

၂၀၂၃ ခုနှစ်တွင် အကြမ်းဖက် စစ်ကောင်စီက ပြုလုပ်မည့် အထွေထွေ ရွေး ကောက် ပွဲသည် စစ်အာဏာရှင် သက်ဆိုးရှည်စေရန် ကြိုးပမ်းသည့် အတု အယောင် ဆောင်ရွက်မှု တစ်ခုသာဖြစ်သည်ဟု ကရင်နီတော်လှန်ရေး အင်အား စုများက မှတ်ယူကြောင်း၊ လူထုဆန္ဒမပါဝင်သော တရားမဝင် အတုအယောင် ရွေးကောက်ပွဲကို ကရင်နီပြည်နယ်အတွင်း ပြုလုပ်ခွင့်ပြုမည် မဟုတ်ဘဲ ရွေး ကောက် ပွဲဆိုင်ရာ လုပ်ငန်းစဥ်မှန်သမျှကို တစ်ညီတစ်ညွတ်တည်း ဆန့်ကျင် တိုက်ဖျက်ကြမည်ဟု ကြေညာထားသည်။

အကြမ်းဖက် စစ်ကောင်စီသည် ပြည်သူလူထု ဆန္ဒကို လေးစား လိုက်နာခြင်း မရှိဘဲ အတင်း အဓမ္မ အာဏာသိမ်းယူခဲ့ကြောင်း၊ ငြိမ်းချမ်းစွာ ဆန္ဒထုတ် ဖော် သည့် ပြည်သူလူထုကို ဖမ်းဆီး ပစ်ခတ် သတ်ဖြတ်ခြင်း၊ လူထုခေါင်းဆောင် များ နှင့် ဆန္ဒပြပြည်သူများကို မတရား ဖမ်းဆီး ထောင်ချခြင်း၊ စစ်ကြောရေး တွင် နှိပ်စက်သတ်ဖြတ်ခြင်း၊ ပြည်သူပိုင် အိုးအိမ်စည်းစိမ်များကို မတရား ခိုးယူ မီးရှို့ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ကရင်ပြည်နယ်တွင်လည်း တိုက်ပွဲများ ဖြစ်ပွားချိန်မှ စ၍ အကြမ်းဖက် စစ်ကောင်စီမှ စစ်ဘေးရှောင်စခန်းများကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေယာဥ်များဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းများကို နေ့စဥ်ဆောင်ရွက်လျက်ရှိပြီး ပြည်သူ အမြောက် အများသေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီ၏ ရွေးကောက်ပွဲ ပြင်ဆင်ရေး အတွက် တစ်အိမ်တက်ဆင်း လူဦးရေ စာရင်းများ ကောက်ခံခြင်း၊ ကြိုတင်မဲ များကောက်ယူခြင်း၊ စည်းရုံးဟောပြောခြင်း၊ တာဝန်ပေးအပ်ခြင်း အစရှိသည့် လုပ်ဆောင်မှုများကို ငြင်းဆန်၍ မပူးပေါင်းကြရန်၊ တစ်သီးပုဂ္ဂလ သော်လည်း ကောင်း အစုအဖွဲ့ဖြင့် သော်လည်းကောင်း နိုင်ငံရေးပါတီ ဖွဲ့စည်း၍ ဝင်ရောက် ယှဥ်ပြိုင်ခြင်း လုံးဝမပြုလုပ်ရန်၊ကရင်နီပြည် တစ်ဝှမ်းလုံးတွင် ရွေးကောက်ပွဲ နှင့် သက်ဆိုင်သော လုပ်ငန်းစဥ် မှန်သမျှ ပိတ်ပင်ကြောင်း၊ စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ပူးပေါင်းဆောင်ရွက်ခြင်း မပြုလုပ်ရန် ရွေးကောက်ပွဲ ဖြစ် မြောက် ရေး ဆောင်ရွက်မှုများ တွေ့ရှိပါက တော်လှန်ရေး အင်အားစုများမှ ကျင့်ဝတ်နည်းနာများနှင့် အညီ ထိရောက်စွာ အရေးယူဆောင်ရွက်မည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဓာတ်ပုံ- KNDF တပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article