36 C
Yangon

ကရင်နီပြည်နယ်တွင် ၂၀၂၂ ခုနှစ်အတွင်း တိုက်ပွဲပေါင်း ၃၄၀ ကျော်ဖြစ်ပြီး စစ်သား ၈၀၀ နီးပါးသေဆုံး

Must read

ကရင်နီပြည်နယ်တွင် ၂၀၂၂ ခုနှစ်အတွင်း တိုက်ပွဲပေါင်း ၃၄၀ ကျော်ဖြစ်ပြီး စစ်သား ၈၀၀ နီးပါးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီလ ၆

ကယားပြည်နယ်နှင့် ရှမ်းကယားအစပ်(ကရင်နီပြည်နယ်)တွင် ၂၀၂၂ ခုနှစ်အတွင်း အကြမ်းဖက်စစ် ကောင်စီတပ်နှင့် ဒေသ ကာကွယ်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲပေါင်း ၃၄၀ ကျော်ဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်သား ၈၀၀ နီးပါးသေဆုံးခဲ့ကြောင်း KNDF က ယနေ့ထုတ်ပြန်သည်။

KNDF၊ KAနှင့် ပူးပေါင်းတပ်ဖွဲ့တို့မှ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ခုခံတိုက်ခိုက်ခဲ့ရာ တိုက်ပွဲပေါင်း ၃၄၁ ကြိမ်တွင် အ ကြမ်းဖက်စစ်သား ၇၉၇ ဦးသေဆုံးကာ ၉၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၏ ရှေ့တန်းစခန်းအချို့ကိုလည်း သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း (၁၅၀) ကျော်ပြုလုပ်ခဲ့ပြီး လက်နက်ကြီးဖြင့် လည်းအကြိမ်ပေါင်းမြောက်များစွာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါပစ်ခတ်တိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ ၂၃ ဦး သေဆုံးခဲ့ပြီး ၆၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ အရပ်သားပြည်သူ နေအိမ် ၆၇ လုံး၊ ဘာသာရေးအဆောက်အအုံ ၄ လုံး၊ ဘုရားစေတီတစ်ဆူ ထိခိုက်ပျက်စီးခဲ့​သည်ဟု ဆိုသည်။

အဆိုပါတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ အသုံးပြုသော လက်နက်ငယ် ၃၃ လက်၊ လက်နက်ကြီး ၇ လက်နှင့် ခဲယမ်းအမြောက်အများကို သိမ်းဆည်းရမိခဲ့ကြောင်း၊ အကြမ်းဖက်စစ်သား ၁၁ ဦးကိုဖမ်းဆီးရရှိပြီး တပ်မ (၆၆) အပါအဝင် နယ်မြေခံတပ်ရင်းများမှ စစ်ကောင်စီတပ် သား (၇) ဦး ပြည်သူ့ရင်ခွင်ခိုလှုံကာ CDM ပြုလုပ်ခဲ့ကြောင်းသိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များကို တိုက်ခိုက်ရင်း KNDF မှ ရဲဘော် ၆၅ ဦးတိုင်းပြည်အတွက် အသက်ပေးလှူခဲ့ရကာ ရဲရင့်စွာကျဆုံးခဲ့ကြောင်း KNDF တပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင်ဖော် ပြထားသည်။

၂၀၂၂ ခုနှစ်တွင် စစ်ရေးအောင်မြင်မှုများရှိခဲ့သည့်နည်းတူ ၂၀၂၃ ခုနှစ်တွင်လည်း ကရင်နီပြည်နယ် အတွင်းရှိ တိုင်းရင်း သားလူမျိုးများ၊ တော်လှန်ရေးအင်အားစုများ၏ ညီညွတ်မှုဖြင့် တစ်နိုင်ငံလုံးအသွင် သဏ္ဍာန်ဆောင်သော တော်လှန်ရေးတစ်ရပ်တက်လှမ်းနိုင်ရန် ရည်မှန်းထားကြောင်း KNDF ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article