27 C
Yangon

ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ ပြန်လည် ဖွဲ့စည်းရေးတွင် ပါဝင်မည့် အဖွဲ့အစည်းများက စစ်အာဏာရှင် တော်လှန်ရေး အစွမ်းကုန် တိုက်ပွဲဝင်မည်ဟု ထုတ်ပြန်

Must read

ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ ပြန်လည် ဖွဲ့စည်းရေးတွင် ပါဝင်မည့် အဖွဲ့အစည်းများက စစ်အာဏာရှင် တော်လှန်ရေး အစွမ်းကုန် တိုက်ပွဲဝင်မည်ဟု ထုတ်ပြန်

ရန်ကုန်၊ ဇန်နဝါရီ ၂၀

ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ ပြန်လည် ဖွဲ့စည်းတွင် ပါဝင်မည့် အဖွဲ့အစည်းများက အကြမ်းဖက် စစ်အာဏာရှင် တော်လှန်ရေး အစွမ်းကုန် တိုက်ပွဲဝင်သွားမည်ဟု ယနေ့ ဇန်နဝါရီလ ၂၀ ရက်နေ့ ရက်စွဲဖြင့် ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။

ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ ပြည်လည်ဖွဲ့စည်းရေးတွင်ပါဝင်မည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်၊ ကရင်နီပြည်နယ်ကြားကာလ ဥပဒေပြုရေးအဖွဲ့၊ ကရင်နီပြည်အမျိုးသမီးများအင်အားစု၊ ကရင်နီပြည်လူမျိုးစု လူငယ်အင်အားစုနှင့် ကရင်နီပြည်နယ် အရပ်ဖက်အဖွဲ့အစည်းတို့က ပြည်သူလူထုနှင့် တစ်သားတည်း အတူတကွ ရပ်တည်ပြီး စုပေါင်းခေါင်းဆောင်ခြင်းအား အခြေခံလျက် စစ်အာဏာရှင်စနစ်နှင့် အာဏာရှင်အားလုံးချုပ်ငြိမ်းသည်အထိ နိုင်ငံရေး၊ စစ်ရေး၊ သံတမာန်ရေးရာ တိုက်ပွဲများတွင် အစွမ်းကုန် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်​ ကြေညာထားသည်။

ထို့ပြင် ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီအတွင်းရှိ အဖွဲ့ဝင်အဖွဲ့အစည်းအားလုံးသည် စစ်အာဏာရှင်နှင့် အာဏာရှင်မှန်သမျှ အမြစ်ပြတ်ကျဆုံးရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး တည်ဆောက်ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်သကဲ့သို့ ကရင်နီပြည်နယ်၏ ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်နှင့် ပြည်နယ်အချုပ်အခြာ အာဏာ ပိုင်ဆိုင်ခွင့်တို့ကို တော်လှန်ရေးကာလကြားကာလမှ စတင်၍ အပြည့်အဝ အကောင်အထည် ဖော်ဆောင်ကျင့်သုံးသွားရန်လိုအပ်သည်ဟု ကြေညာချက်တွင်ပါရှိသည်။

အာဏာသိမ်း အကြမ်းဖက် စစ်အုပ်စုသည် နိုင်ငံတော်၏ အာဏာကို မတရားသိမ်းယူရန်ကြိုးပမ်းခဲ့ပြီး အပြစ်မဲ့ ပြည်သူလူထုများအား ဥပဒေမဲ့ ဖမ်းဆီး အကျဥ်းချခြင်း၊ သတ်ဖြတ်ခြင်း၊ ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခြင်း၊ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းစသော လူမဆန်သည့် လုပ်ရပ်များကို ရက်စက်စွာကျူးလွန်လျက်ရှိကြောင်း၊ နိုင်ငံအတွင်းရှိ လူငယ်များ၊ အမျိုးသမီးများ၊ ပြည်သူများ၊ အရပ်ဖက် အသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ ၂၀၂၀ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ၊ သပိတ်အဖွဲ့ဝင်များ၊ CDM များနှင့် တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင် အဖွဲ့အစည်းများမှ စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းရေးအတွက် အင်တိုက်အားတိုက် တိုက်ပွဲဝင်ကြကြောင်း ဖော်ပြထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article