36 C
Yangon

ကရင်ပြည်နယ်နှင့် ပဲခူးတိုင်း အစပ်တွင် တိုက်ပွဲ ၇ ကြိမ်ဖြစ်ပွားပြီး စစ်တပ်ဘက်မှ သေဆုံးမှု များ ပြား ကာ PDF ရဲဘော် ၁ ဦးကျဆုံး၊ မြိုင်မြို့နယ်၊ သရက် ကွရွာ စစ်စခန်းကို တိုက်ခိုက်မှု ပျူစော ထီး ၄ ဦးသေဆုံး

Must read

ကရင်ပြည်နယ်နှင့် ပဲခူးတိုင်း အစပ်တွင် တိုက်ပွဲ ၇ ကြိမ်ဖြစ်ပွားပြီး စစ်တပ်ဘက်မှ သေဆုံးမှု များ ပြား ကာ PDF ရဲဘော် ၁ ဦးကျဆုံး၊ မြိုင်မြို့နယ်၊ သရက် ကွရွာ စစ်စခန်းကို တိုက်ခိုက်မှု ပျူစော ထီး ၄ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၂၂

ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းအစပ်တွင် အကြမ်းဖက် စစ်တပ်နှင့် ဒေသခံကာကွယ် တပ်ဖွဲ့များ တိုက်ပွဲ ၇ ကြိမ် ဖြစ်ပွားပြီး စစ်တပ်ဘက်က အရာရှိ ၁ ဦးအပါအဝင် ၁၀၀ ခန့်သေဆုံးခဲ့ကြောင်း သံတောင် မြောက်ပိုင်း အထူးဒေသ တပ်ဖွဲ့ (NTDF) မှ ဗိုလ်မုတ်ဆိတ်က ရန်ကုန်ခေတ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် သံတောင်မြို့နယ်နှင့် ရေတာရှည်မြို့နယ် အတွင်းရှိ အကြမ်းဖက် စစ်တပ်၏ လိပ်သို ၆၀၃ ဗျူဟာတပ်၊ ထုံးဘိုကြီး စခန်း၊ ဇလဲ စခန်းတို့ကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက တစ်ပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်ကူလာသော စစ်ကား ၅ စီးကိုပါ ကြားဖြတ် တိုက်ခိုက်ခဲ့သောကြောင့် အကြမ်းဖက် စစ်တပ် ဘက်မှ စစ်သား ၆၀ ဦးခန့်သေဆုံးခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၁၆ ရက်နှင့် ၁၇ ရက်နေ့တွင် ရေတာရှည်မြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ ၂ ရက်ဆက် ထပ်မံ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၃၀ ဦးခန့်သေဆုံးပြီး PDF ရဲဘော် ၁ ဦးကျဆုံးခဲ့ကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ရဲကုန်း ကျေးရွာအုပ်စု ကြာကန် လိပ်သို (ထုံးဘိုကြီး) ဗျူဟာလမ်းဘေး ဘောဓိကုန်းနှင့် ရေပြားကုန်း အကြားတွင် အကြမ်းဖက် စစ်တပ်နှင့် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များ ထပ်မံ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ၂ ပွင့်ဗိုလ် ၁ ဦး အပါအဝင် ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

” ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ တိုက်ပွဲ ၄ ကြိမ် ဖြစ်ပွားပြီး စစ်ခွေး ၆၀ ဦးခန့် သေဆုံးတယ်။ ဇန်နဝါရီလ ၁၆ ရက်နဲ့ ၁၇ ရက်နေ့မှ ၂ ရက်ဆက် တိုက်ပွဲ ၂ ကြိမ် ထပ်ဖြစ်တယ်။ အဲမှာ စစ်ခွေး ၃၀ ခန့် သေတယ်။ ဇန်နဝါရီလ ၂၁ ရက်နေ့မှာ တိုက်ပွဲ ၁ ကြိမ်ထပ်ဖြစ်တယ် စစ်ခွေး အရာရှိ ၁ ဦးအပါအဝင် ၁၀ ဦးထပ်မနည်း သေတယ်” ဟု သံတောင် မြောက်ပိုင်း (အထူးဒေသ) တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အလားတူ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကွ(ပျူစောထီး)ရွာရှိ ဘန်ကာအားဝင်ရောက်တိုက်ခိုက်ရာ ပျူစောထီး ၂ ဦးဒဏ်ရာရရှိပြီး မြိုင်မြို့ရှိဆေးရုံသို့ ပို့ဆောင်ပြီးပြန်လာသော ပျူစောထီးအဖွဲ့ကို ထပ်မံတိုက်ခိုက်ခဲ့ရာ ပျူစေထီးနှစ်ဦးသေဆုံးခဲ့ကြောင်း ဝံပုလွေပြောက်ကျားတပ်ဖွဲ့(မြိုင်)မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောသည်။

ဇန်နဝါရီလ ၂၀ ရက်နေ့ နံနက် ၇ နာရီခွဲခန့်က မြိုင်မြို့နယ်၊ သရက်ကွ(ပျူ)စောထီးများ ကင်းစောင့် နေ သည့် ဘန်ကာအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ ပျူစောထီး အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းနေ့ မွန်းလွဲ ၁ နာရီခန့်အချိန် ဒဏ်ရာရရှိသော ပျူစောထီး ၂ ဦးကို မြိုင်မြို့နယ်ဆေးရုံသို့ သွားရောက်ပို့ ဆောင်ပြီး ရွာသို့ ပြန်လာသော ပျူစောထီးတပ်ဖွဲ့ကို ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ များက ကင်း ပုန်းဝပ် ထပ်မံတိုက်ခိုက်ရာ ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၂ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ဘန်ကာကို ဝင်တိုက်လို့ ဒဏ်ရာရတဲ့ ပျူစောထီး နှစ်ကောင်က မြိုင်ဆေးရုံမှာ မနေ့က သေသွားပြီ၊ သူ တို့ကို ဆေးရုံပို့ပြီး ပြန်လာတဲ့အဖွဲ့ကိုလည်း တိုက်ခိုက်ခဲ့တာ ပျူနှစ်ကောင်သေတယ်၊ ၈ ကောင်ဒဏ်ရ တယ်၊ အဲဒီနေ့က တိုက်ပွဲမှာ ပျူလေးကောင်သေသွားတာပေါ့” ဟု ဝံပုလွေပြောက် ကျားတပ်ဖွဲ့(မြိုင်)မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို ဝံပုလွေပြောက်ကျားတပ်ဖွဲ့(မြိုင်) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် တပ်ခွဲ -၁၊ တပ်ခွဲ -၂ ( ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)၊ တပ်ခွဲ -၃ ( တရုတ်ကြီး) ၊ တပ်ခွဲ -၄ ( စင်္ကြာ) ၊ အလင်းတန်းပြောက်ကြားတပ်ဖွဲ့(မြိုင်) ၊ PPDF ၊ ကိုအောင်ကြီးအဖွဲ့ ၊ MVPRF ၊ Hero New GZ ၊ Myaing warriors၊ မြေပြန့်ဒေသကာကွယ်ရေးတပ်ဖွဲ့(MRDF) နှင့် ဘီလုံးငှက်တပ်ဖွဲ့ တို့ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဓါတ်ပုံ – NTDF တပ်ဖွဲ့ဝင်များ (ပုံအဟောင်းဖြစ်ပါသည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article