28 C
Yangon

ကလေးမြို့နှင့် ယင်းမာပင်မြို့နယ်တွင် စစ်ကြောင်းကို တိုက်ခိုက်မှုဖြစ်ပြီး စစ်သား ၅ ဦးသေဆုံး

Must read

ကလေးမြို့နှင့် ယင်းမာပင်မြို့နယ်တွင် စစ်ကြောင်းကို တိုက်ခိုက်မှုဖြစ်ပြီး စစ်သား ၅ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၃

စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်နှင့် ယင်းမာပင်မြို့ပေါ်တွင် စစ်တပ် စစ်ကြောင်း များကို PDF တပ်များက တိုက်ခိုက်ပြီး စစ်သား ၅ ဦးသေဆုံးခဲ့ ကြောင်း ဒေသ ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ပြင်သာရပ်ကွက်တွင် ယမန်နေ့ ဇန်နဝါရီလ ၂ ရက် နေ့ အကြမ်းဖက် စစ်ကောင်စီတပ်သားများကို နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း ကလေး PDF က ပြောသည်။

ကလေးမြို့၊ ပြင်သာရပ်ကွက်မှ ကလေးမြို့နယ်အရှေ့ပိုင်းသို့ အင်အား ၆၀ ခန့် ဖြင့် ဦးတည် စစ်ကြောင်း ထိုးလာသော အကြမ်းဖက်စစ်သားများကို ဇန်နဝါရီ လ ၂ ရက် နေ့လည် ၁၁ နာရီခန့်တွင် တစ်ကြိမ်၊ မွန်း တည့် ၁၂ နာရီခန့်တွင် တစ်ကြိမ် အသင့်ပြင်ဆင်ထားသော မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

အဆိုပါဖောက်ခွဲတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်သား ၄ ဦးသေဆုံးပြီး ကျန်တပ် ဖွဲ့ အများအပြား ထိခိုက်ဒဏ်ရာရရှိသွားကြောင်း၊ အကြမ်းဖက် စစ် ကောင်စီတပ်သားများက မိုင်းဖောက်ခွဲရာ အနီးပတ် ဝန်းကျင်ကို ၁၀ မိနစ် ခန့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကို People’s Defense Force –Kalay မိုင်းတပ်ဖွဲ့နှင့် အောင် မေတ္တာ အဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကလေး PDF က ထုတ် ပြန် ထားသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲ ထား သော နေ ရာနှစ်ခုကို တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲတပ် ဖွဲ့ဝင် ၁ ဦး သေဆုံးခဲ့ကြောင်း နယ်စည်းမခြား ဇာမဏီပြောက်ကျား တပ်ဖွဲ့ ခေါင်း ဆောင် ဗိုလ်စံဖဲက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံ သို့ ပြောကြား သည်။

ဇန်နဝါရီလ ၁ ရက်နေ့ည ၁၁ နာရီခွဲခန့်တွင် ယင်းမာပင်မြို့ပေါ်ရှိ စစ်ကောင်စီ တပ်သားများ တပ်စွဲထားရာဝန်ထမ်းအိမ်ရာနှင့် စိုက်ပျိုးရေးရုံးတို့ကို ပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲ့များမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းအိမ်ယာသို့ အလုံး ၅၀ ကျော် ပစ် ခတ် တိုက်ခိုက်မှုတွင် ၁၀ လုံးကျရောက်ပေါက် ကွဲခဲ့ကြောင်း သိရသည်။

“မြို့ပေါ်တိုက်ပွဲက အပြင်းအထန်ဖြစ်ခဲ့တာ၊ ပထမ ကျနော်တို့ဘက်က လက် နက်ကြီးတွေနဲ့လှမ်းပစ်နေ တာ၊ ပထမတော့ သူတို့ဆီမရောက်တော့ ပြောင် နေကြသေးတယ်၊ နေရာပြောင်းထုတော့ ထိတော့ ခွေး တွေဘက်က ပြန်ထု တယ်။ ကင်းပုန်းတွေကလည်း လက်နက်ငယ်တွေနဲ့ ပစ်တယ်၊ အဲဒီမှာတင် ကျနော် တို့ ကင်းပုန်းနဲ့တွေ့ပြီး အပြန်အလှန်ပစ်ခတ်မှုဖြစ်တာ ခွေးတစ်ကောင် အတိအကျသေတယ်”ဟု နယ် စည်းမ ခြား ဇာမဏီပြောက်ကျား တပ်ဖွဲ့ခေါင်း ဆောင် ဗိုလ်စံဖဲက ပြောကြားသည်။

အလားတူ အကြမ်းဖက်စစ်ကောင်စီတပ်သားများ တပ်စွဲထားရာ စိုက်ပျိုးရေး ရုံးကို မဟာမိတ်ပူးပေါင်း တပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်း ဖက် စစ်သား ထိခိုက်သေဆုံးမှု မသိရသေးဟု ဆို သည်။

ဒီဇင်ဘာလ ၃၁ ရက်ည ၁၂ နာရီ တိတိတွင်လည်း နှစ်သစ်ကူး ည အစီအဖြင့် ဘန့်ဘွေးရွာ ပျူစောထီး စခန်းကို လည်းကောင်း၊ ရွှေတောင်ဦးအနောက်ဘက် တပ်ကျိုးကုန်းနေကိုနေရာကိုလည်းကောင်း၊ အမှတ် ၂၈ ရဲတပ်ရင်းနေရာကို လည်း ကောင်း ဒေသခံမဟာမိတ်တပ်ဖွဲ့များနှင့်ပူပေါင်းကာ တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

ဓာတ်ပုံ- ကလေး PDF တပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article