40.9 C
Yangon

ကလေးဝတွင် တိုက်ပွဲ ဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၃ ဦးသေဆုံးကာ PDF ရဲမေ ၁ ဦးကျဆုံး၊ မဲဇလီကုန်းမြို့ ရဲစခန်းတွင် ပေါက်ကွဲမှုဖြစ်ပွား

Must read

ကလေးဝတွင် တိုက်ပွဲ ဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၃ ဦးသေဆုံးကာ PDF ရဲမေ ၁ ဦးကျဆုံး၊ မဲဇလီကုန်းမြို့ ရဲစခန်းတွင် ပေါက်ကွဲမှုဖြစ်ပွား

ရန်ကုန်၊ ဇန်နဝါရီ ၇

စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် ကလေးဝ PDF အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၃ ဦး သေဆုံးခဲ့ကြောင်း နယ်မြေခံ သတင်းရင်းမြစ်များထံမှ သိရသည်။

ဇန်နဝါရီလ ၇ ရက်နေ့တွင် ကလေးဝမြို့နယ် အုန်းပင်စုရွာရှိ ပြည်သူပိုင် နေအိမ် ၅ လုံးကို အကြမ်းဖက် စစ်တပ် စစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် အကြမ်းဖက် စစ်တပ်နှင့် ကလေးဝ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၃ ဦးသေဆုံးကာ PDF ရဲမေ ၁ ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့ ရဲစခန်း ဝန်းတွင် ဇန်နဝါရီလ ၇ ရက်နေ့ ည ၇ နာရီ ၃ဝမိနစ် ခန့်တွင် အလွန်ကျယ်လောင်သော ပေါက်ကွဲသံ တစ်ချက် ထွက်ပေါ်ခဲ့ကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယင်းသို့ ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ရဲနှင့် စစ်သားများက လမ်းများ ပိတ်ဆို့ကာ ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ပေါက်ကွဲမှုကြောင့် စစ်သားနှင့် ရဲများ ထိခိုက်မှုရှိမရှိကို အတည် မပြုနိုင်သေးသိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article