28 C
Yangon

ကသာတွင် စစ်တပ်ပစ်ခတ်သော လက်နက်ကြီးကျည် ထိမှန်၍ အသက် ၁၂ နှစ် အရွယ် မမိထော် သေဆုံးပြီးနောက် မိခင်ဖြစ်သူ စိတ်ဖောက်ပြန်၊ သားဖြစ် သူလည်း လက်နက်ကြီး ထိမှန် ဒဏ်ရာရရှိထား

Must read

ကသာတွင် စစ်တပ်ပစ်ခတ်သော လက်နက်ကြီးကျည် ထိမှန်၍ အသက် ၁၂ နှစ် အရွယ် မမိထော် သေဆုံးပြီးနောက် မိခင်ဖြစ်သူ စိတ်ဖောက်ပြန်၊ သားဖြစ် သူလည်း လက်နက်ကြီး ထိမှန် ဒဏ်ရာရရှိထား

ရန်ကုန်၊ ဇန်နဝါရီ ၂၉

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ ကျောက်ထုံးကြီးကျေးရွာသို့ စစ်တပ်က လက် နက် ကြီး ၁၂၀ မမဖြင့် ပစ်ခတ်ရာတွင် အသက် ၁၂ နှစ်အရွယ် မမိထော် ထိမှန် သေဆုံးခဲ့ပြီးနောက် မိခင်ဖြစ်သူမှာ စိတ်ဖောက်ပြန်သွားကြောင်း ဒေသ ပြည်သူ များထံမှ သိရှိရသည်။

ဇန်နဝါရီလ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် ကသာမြို့နယ်၊ ကျောက်ထုံး ကြီး ကျေးရွာကို စစ်တပ်က လက်နက်ကြီးများဖြင့် အကြောင်းမဲ့ တိုက်ပွဲ ဖြစ်ပွား ခြင်းမရှိဘဲ ပစ်ခတ်ကြောင်း၊ စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ကျည်ထိ မှန်၍ အသက် ၁၂ နှစ်အရွယ် မမိထော် သေဆုံးပြီး အသက် ၁၃ နှစ် အရွယ် မောင်ထော်ကြီး ဒဏ်ရာရရှိကြောင်း၊ မိခင်ဖြစ်သူမှာ သမီးဖြစ်သူ သေဆုံးမှုကို မြင်တွေ့ရပြီး စိတ်ဖောက်ပြန်သွားကြောင်း သိရှိရသည်။

“ပစ်တာက ကသာမြို့အနီးက အောင်မြေသာစည်ကျေးရွာ ဘုန်းတော် ကြီး ကျောင်း အတွင်းမှာ တပ်စွဲထားတဲ့ စစ်တပ်က ပစ်ခတ်ခဲ့တာ။ လက်နက်ကြီး ၁၂၀ မမ ပစ်လိုက်တာ။ လက်နက်ကြီး အရေအတွက်က ၉လုံးပစ်တာမှာ ၈ လုံး က ရွာအပြင်ကျတယ်။ လက်နက်ကြီး ၁ လုံးကတော့ ရွာ အလယ်ခေါင် ကျတာ။ အသက် ၁၂နှစ်အရွယ် ကလေးမလေး ကျည်ထိမှန်သေဆုံးပြီး အသက် ၁၃ နှစ်အရွယ်ကလေး ဒဏ်ရာရရှိခဲ့တယ်” ဟု ဒေသ ပြည် သူတစ်ဦးက ပြောသည်။

ကျောက်ထုံးကြီးကျေးရွာ နေအိမ်တွင် ရှိနေသော ဦးဆန်းလင်းနှင့်ဒေါ်မျိုး တို့၏ သမီးငယ် မမိထော၏ ဦးခေါင်းကို စစ်တပ်က ပစ်ခတ်လိုက်သော လက်နက် ကြီး ထိမှန် ပွဲချင်းပြီး သေဆုံးခဲ့ပြီးနောက် မိခင်ဖြစ်သူ ဒေါ်မျိုးမှာ စိတ်ဖောက် ပြန်နေကြောင်း သိရှိရသည်။

“သမီးလေး သူတို့ရှေ့မှာပဲ ဆုံးသွားတာ မြင်တော့ အမေက စိတ်တွေပုံမှန် မဖြစ် တော့ဘူး ။ အငယ်ဆုံး သမီးလေး သေသွားတာဆိုတော့ မိခင်က စိတ်မနှံ့ သလို ဖြစ်သွားတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။

စစ်ကောင်စီက ကျောက်ထုံးကြီးကျေးရွာကို ယခင်ကလည်း လက်နက် ကြီး များ ဖြင့် ပစ်ခတ်ခဲ့သဖြင့် ကျေးရွာသူတစ်ဦး လက်နက်ကြီးထိမှန် ဒဏ်ရာရရှိ ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article