26 C
Yangon

ကသာတွင် စစ်ရေးပစ်မှတ် မဟုတ်သည့် မိုးတာလေးကျေးရွာကို စစ်တိုက် လေ ယာဉ်များ ဖြင့် ဗုံးကျဲချမှု စစ်ရာဇဝတ်မှုကျူးလွန်ဖြစ်ပြီး ဗုံးထိ သေဆုံးသူ ပြည်သူ ၇ ဦးအထိရှိလာ

Must read

ကသာတွင် စစ်ရေးပစ်မှတ် မဟုတ်သည့် မိုးတာလေးကျေးရွာကို စစ်တိုက် လေ ယာဉ်များ ဖြင့် ဗုံးကျဲချမှု စစ်ရာဇဝတ်မှုကျူးလွန်ဖြစ်ပြီး ဗုံးထိ သေဆုံးသူ ပြည်သူ ၇ ဦးအထိရှိလာ

ရန်ကုန်၊ ဇန်နဝါရီ ၁၉

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ မိုးတာကျေးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံး ကျဲချမှုကြောင့် ပြည်သူ ၇ ဦး သေဆုံးပြီး စစ်တပ်က စစ်ရာဇဝတ်မှု ကျူး လွန် ခြင်း ဖြစ်ကြောင်း ကသာမြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန် ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာန ထံသို့ ပြောဆိုသည်။

ဇန်နဝါရီ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် စစ်တပ်နှင့် PDF၊ ABSDF မဟာမိတ် တပ် များ အကြား တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်တပ်ဘက်မှ အထိနာကြောင်း၊ က သာ မြို့နယ် မိုးတားကျေးရွာ အထက်ဖက် ဆိပ်သာ ဘုရားအနီး ABSDF ဦး ဆောင် သော တပ်များနှင့် စစ်ကောင်စီတပ်များ တိုက်ပွဲဖြစ်ပွား ခြင်း ဖြစ် ကြောင်း သိရှိရသည်။

ယင်းနောက် ယမန်နေ့ ၆ နာရီကျော်ဝန်းကျင်အချိန် မြစ်ကြီးနားမှ ဂျက်တိုက် လေယာဉ် ၂ စီးဖြင့် မိုး တား ရွာ စေတီရပ်နှင့် တိုက်ကုန်းရွာသို့ ဗုံးကျဲသဖြင့် ပြည်သူ ၇ ဦးဗုံး ထိမှန် ခြင်း၊ မီးလောင်သေဆုံးခြင်းများ ဖြစ်ပေါ်ပြီး ပြည်သူ ၃၀ ကျော် ဒဏ်ရာ ရရှိ ကြောင်း၊ ABSDF ရဲဘော် ၂ ဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိ ကြောင်း သိရှိရ သည်။

စစ်လေယာဉ်ဖြင့် ဗုံးကျဲချသည့် မိုးတာလေးကျေးရွာသည် တိုက်ပွဲဖြစ်ပွား သည့် နေရာနှင့် ၅ မိုင်အကွာတွင်ရှိပြီး စစ်ရေးပစ်မှတ်လည်း မဟုတ်ဘဲ အရပ်သား ပြည် သူများ နေထိုင်သည့်နေရာဖြစ်ကြောင်း၊ ပြည်သူများနေထိုင်သည့် ကျေးရွာ ကို ဗုံးကျဲချခြင်းဖြင့် စစ်တပ်က စစ်ရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်ကြောင်း ကသာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ရှင်းပြသည်။

“မနေ့က စစ်တပ်က လေယာဉ်နဲ့ ဗုံးကျဲချတာက မိုးတာလေးကျေးရွာထဲကို ကျဲချတာ။ တိုက်ပွဲဖြစ်တာက ၅ မိုင်အကွာလောက်မှာ ဖြစ်တာ။ အဲဒါကို ရွာထဲ ကို ကျဲချတာ။ စစ်ရာဇဝတ်မှု ကျူးလွန်တာပဲ။ ပြည်သူတွေနေထိုင်တဲ့နေရာ က စစ်ရေးပစ်မှတ်လည်း မဟုတ်ဘူး။ တိုက်ပွဲလည်းမဖြစ်ဘူး။ မနေ့က ၆ ဦး သေ ဆုံး တယ်။ ဒီနေ့ မနက် ခေါင်းကို ထိထားတဲ့ တစ်ဦး ထပ်သေဆုံးပါတယ်။ စုစု ပေါင်း သေဆုံးသူက လက်ရှိမှာ ၇ ဦးပါ။ ကျနော်တို့ အသေးစိတ်စာရင်းတွေရရင် ပြန်ဆက်သွယ်ပေးပါ့မယ်။ အခု ဒဏ်ရာရသူ တွေကိုလည်း ကူညီပြီး ရှင်းလင်း ရေး လုပ်နေပါတယ်” ဟု ကသာ PDF က ပြောသည်။

စစ်ကောင်စီက လေယာဉ်ဖြင့် မိုးတားလေးကျေးရွာ ဗုံးကျဲချ၍ သေဆုံးသူ များမှာ-

၁- ဒေါ်ညို

၂-ဒေါ်တင်ငြိမ်း

၃-မစန်း

၄-ကိုအေးနိုင်

၅-ဒေါ်ခင်မာကြည်

၆-ဦးမောင်လွင်

၇-အမည်မသိ (ဒဏ်ရာဖြင့် ယနေ့ နံနက်သေဆုံး)

တို့ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- မိုးတားလေးကျေးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချသဖြင့် သေဆုံးသွားသည့် အရပ်သားပြည်သူတစ်ဦး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article