36 C
Yangon

ကသာတွင် စစ်ရေးပစ်မှတ် မဟုတ်သည့် ကျေးရွာများကို စစ်တိုက် လေ ယာဉ် များ ဖြင့် ဗုံးကျဲချမှုကြောင့် သေဆုံးသူ ပြည်သူ ၇ ဦးနှင့် ဒဏ်ရာရရှိသူများ စာရင်း ထွက်ရှိ လာ

Must read

ကသာတွင် စစ်ရေးပစ်မှတ် မဟုတ်သည့် ကျေးရွာများကို စစ်တိုက် လေ ယာဉ် များ ဖြင့် ဗုံးကျဲချမှုကြောင့် သေဆုံးသူ ပြည်သူ ၇ ဦးနှင့် ဒဏ်ရာရရှိသူများ စာရင်း ထွက်ရှိ လာ

ရန်ကုန်၊ ဇန်နဝါရီ ၂၀

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ မိုးတာကျေးရွာအုပ်စုကို စစ်တပ်က လေယာဉ် ဖြင့် ဗုံး ကျဲချမှုကြောင့် ပြည်သူ ၇ ဦး သေဆုံးပြီး စစ်တပ်က စစ်ရာဇဝတ်မှု ကျူး လွန် ခြင်း ဖြစ်ကြောင်း ကသာမြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန် ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာန ထံသို့ ပြောဆိုသည်။

ဇန်နဝါရီ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် စစ်တပ်နှင့် PDF၊ ABSDF မဟာမိတ် တပ် များ အကြား တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်တပ်ဘက်မှ အထိနာကြောင်း၊ က သာ မြို့နယ် မိုးတားကျေးရွာ အထက်ဖက် ဆိပ်သာ ဘုရားအနီး ABSDF ဦး ဆောင် သော တပ်များနှင့် စစ်ကောင်စီတပ်များ တိုက်ပွဲဖြစ်ပွား ခြင်း ဖြစ် ကြောင်း သိရှိရသည်။

ယင်းနောက် ယမန်နေ့ ၆ နာရီကျော်ဝန်းကျင်အချိန် မြစ်ကြီးနားမှ ဂျက်တိုက် လေယာဉ် ၂ စီးဖြင့် မိုး တား ရွာ စေတီရပ်နှင့် တိုက်ကုန်းရွာသို့ ဗုံးကျဲသဖြင့် ပြည်သူ ၇ ဦးဗုံး ထိမှန် ခြင်း၊ မီးလောင်သေဆုံးခြင်းများ ဖြစ်ပေါ်ပြီး ပြည်သူ ၃၀ ကျော် ဒဏ်ရာ ရရှိ ကြောင်း၊ ABSDF ရဲဘော် ၂ ဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိ ကြောင်း သိရှိရ သည်။

စစ်လေယာဉ်ဖြင့် ဗုံးကျဲချသည့် မိုးတာလေးကျေးရွာသည် တိုက်ပွဲဖြစ်ပွားသည့် နေရာမဟုတ်သည့်အပြင် စစ်ရေးပစ်မှတ်လည်း မဟုတ်ဘဲ အရပ်သား ပြည် သူ များ နေထိုင်သည့်နေရာဖြစ်ကြောင်း၊ ပြည်သူများနေထိုင်သည့် ကျေးရွာ ကို ဗုံးကျဲချခြင်းဖြင့် စစ်တပ်က စစ်ရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်ကြောင်း ကသာ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ရှင်းပြသည်။

“မနေ့က စစ်တပ်က လေယာဉ်နဲ့ ဗုံးကျဲချတာက မိုးတာလေးကျေးရွာ အုပ်စုထဲကို ကျဲချတာ။ တိုက်ပွဲဖြစ်တာက အဝေးမှာ ဖြစ်တာ။ အဲဒါကို ရွာထဲ ကို ကျဲချတာ။ စစ်ရာဇဝတ်မှု ကျူးလွန်တာပဲ။ ပြည်သူတွေနေထိုင်တဲ့နေရာ က စစ်ရေးပစ်မှတ် လည်း မဟုတ်ဘူး။ တိုက်ပွဲလည်းမဖြစ်ဘူး။ မနေ့က ၆ ဦး သေ ဆုံး တယ်။ ခေါင်းကို ထိထားတဲ့ တစ်ဦး ဒဏ်ရာနဲ့ ထပ်သေဆုံးပါတယ်။ စုစု ပေါင်း သေဆုံးသူ က လက်ရှိမှာ ၇ ဦးပါ” ဟု ကသာ PDF က ပြောသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article