40.9 C
Yangon

ကသာမြို့နယ်၊ နမ့်စမ်းကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က နေအိမ် အဆောက်အအုံ ၃၀ ကျော်ကို မီးရှို့ဖျက်ဆီး

Must read

ကသာမြို့နယ်၊ နမ့်စမ်းကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က နေအိမ် အဆောက်အအုံ ၃၀ ကျော်ကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဇန်နဝါရီ ၂၉

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ နမ့်စမ်းကျေးရွာတွင် စစ်ကောင်စီတပ်က တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ နေအိမ် အဆောက်အအုံ ၃၀ ကျော်ကို မီးရှို့ဖျက် ဆီးသွား ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြော ဆိုကြသည်။

ဇန်နဝါရီ ၂၈ ရက်နေ့တွင် ကသာမြို့နယ်၊ နမ့်စမ်းကျေးရွာအတွင်းသို့ စစ်ကောင် စီတပ်များက ဝင်ရောက်လာခဲ့ပြီး တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ နေအိမ်များ၊ အဆောက် အအုံများ၊ လူသုံးကုန်ပစ္စည်းများ၊ အိမ်ထောင်ပရိဘောဂများကို အကြောင်း မဲ့ မီးရှို့ ဖျက်ဆီးသွားကြောင်း၊ တန်ဖိုးရှိပစ္စည်းများကိုလည်း လု ယက် ခိုးယူ ယူဆောင်သွားကြောင်း သိရှိရသည်။

“ပြာကျသွားတဲ့ အဆောက်အအုံက ၃၀ ကျော်ရှိပါတယ်။ ပြည်သူတွေကတော့ ထွက်ပြေးတိမ်းရှောင်နေရပါတယ်” ဟု ဒေသပြည်သူတစ်ဉ်းက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article