31 C
Yangon

ကသာမြို့နယ်၊ မိုးတားလေးကျေးရွာအနီး ပတ်၀န်းကျင်ကို စစ်လေယာဉ် များ ဖြင့် ဆက်တိုက်ဗုံးကျဲနေ

Must read

ကသာမြို့နယ်၊ မိုးတားလေးကျေးရွာအနီး ပတ်၀န်းကျင်ကို စစ်လေယာဉ် များ ဖြင့် ဆက်တိုက်ဗုံးကျဲနေ

ရန်ကုန်၊ ဇန်နဝါရီ ၁၉

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ မိုးတားလေးကျေးရွာအနီး ပတ်ဝန်းကျင်ကို စစ် တပ် က ယနေ့ တွင်လည်း ထပ်မံ ဗုံးကျဲနေကြောင်း‌ ဒေသပြည်သူများထံမှ သိရှိရသည်။

ဇန်နဝါရီလ ၁၈ ရက်နေ့ ညနေပိုင်းတွင် မိုးတားလေးကျေးရွာကို စစ်တပ်က လေယာ ဉ်ဖြင့် ဗုံးကျဲချမှုကြောင့် ပြည်သူ ၇ ဦး သေဆုံးပြီး အများအပြား ဒဏ် ရာရရှိခဲ့ကြောင်း၊ ယင်းနောက် ယနေ့တွင်လည်း တိုက်လေယာဉ်များဖြင့် ဆက်တိုက် ဗုံးကျဲလျက်ရှိကြောင်း သိရှိရသည်။

“ဒီနေ့လည်း ဗုံးကျဲတာက မိုးတားလေး ပတ်ဝန်းကျင်ကို အကုန်ကျဲနေတာ။ ဗုံး တွေ ၅ လုံး ၆ လုံးလောက်ရှိတယ်။ လက်နက်ကြီးတွေနဲ့လည်းပစ်နေတယ်။ မိုးတား လေး ပတ်၀န်းကျင်အကုန်လုံးကို ပစ်နေတာ” ဟု ဒေသ ပြည်သူ တစ်ဦးက ပြောသည်။

ABSDF ဦးဆောင်သော မဟာမိတ် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် အကြမ်း ဖက် စစ်ကောင်စီတပ်များအကြား ယနေ့တွင် လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး ပြည်သူများမှာ စစ်ဘေးရှောင်နေကြရကြောင်း၊ လေယာဉ်ဖြင့် ယနေ့ ညနေပိုင်းတွင်လည်း ဟဲနားလမ်းဆုံကို လေယာဉ်ဖြင့် ဗုံး ၁ လုံးထပ်မံ ကျဲချသွားကြောင်း သိရှိရသည်။

“လေယာဉ်နဲ့ ဗုံးကျဲတာ ရဲဘော်တွေတော့ အထိအခိုက်မရှိဘူး။ ဒါပေမယ့် ပြည်သူ တွေနဲ့ အိုးအိမ်တွေတော့ အခြေအနေ ဘယ်လိုရှိလဲ မသိရသေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။

ဓာတ်ပုံ- ယမန်နေ့ စစ်ကောင်စီတိုက်လေယာဉ်များ၏ ဗုံးကျဲမှုကြောင့် ပျက်စီး သွားသော မိုးတာလေးကျေးရွာမှ ပြည်သူ့နေအိမ်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article