31.9 C
Yangon

ကသာမြို့နယ်၊ အလယ်ကျွန်းကျေးရွာရှိ စာသင်ကျောင်း အပါအဝင် ပြည်သူ ပိုင်နေအိမ်များကို စစ်တပ်က မီးရှို့ဖျက်ဆီး

Must read

ကသာမြို့နယ်၊ အလယ်ကျွန်းကျေးရွာရှိ စာသင်ကျောင်း အပါအဝင် ပြည်သူ ပိုင်နေအိမ်များကို စစ်တပ်က မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဇန်နဝါရီ ၂၄

စစ်ကိုင်းတိုင်း၊ကသာမြို့နယ်၊ အလယ်ကျွန်းကျေးရွာရှိ စာသင်ကျောင်း အပါ အဝင် ပြည်သူပိုင်နေအိမ်များကို စစ်တပ်က မီးရှို့ဖျက်ဆီးမှုများ ဆက်တိုက် လုပ်ဆောင်နေကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ဇန်နဝါရီလ ၁၉ ရက်နေ့ ညနေပိုင်းကသာမြို့နယ်၊ ဧရာ၀တီမြစ် အရှေ့ဘက် ကမ်း အလယ်ကျွန်းကျေးရွာသို့ စစ်ကောင်စီတပ်များ ရောက်ရှိလာကြောင်း၊ ဇန်နဝါရီ ၁၉ ရက်နေ့ ညနေပိုင်းနှင့် ဇန်နဝါရီလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် အလယ်ကျွန်းကျေးရွာ၏ ရွာသစ် နှင့် ရွာဟောင်း နေရာ ၂ ခုစလုံးတွင် စစ်တပ် က မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ကြောင်း သိရှိရသည်။

စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် အလယ်ကျွန်းကျေးရွာ စာသင်ကျောင်း အပါ အဝင် နေအိမ်၊ အဆောက်အအုံ ၃၀ နီးပါး မီးလောင် ပြာကျသွားကြောင်း၊ အလယ် ကျွန်းကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့သော စစ်ကြောင်းသည် ငအိုးကျေးရွာမှ ထွက်လာသော စစ်ကြောင်း ဖြစ်ကြောင်း သိရှိရသည်။

ယခု ဇန်နဝါရီလလယ်ပိုင်းမှစတင်၍ စစ်ကောင်စီတပ်များသည် ကသာမြို့ နယ်အတွင်း ကျူးကျော်ဝင်ရောက်လာသဖြင့် ပြည်သူ့ကာကွယ် ရေးတပ်များ၊ KIA ၊ ABSDF မဟာမိတ်တပ်ပေါင်းစုများဖြင့် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွား လျက်ရှိကြောင်း၊စစ်တပ်က လေယာဉ်များ၊ လက်နက်ကြီးများ အဆမတန် အသုံးပြု တိုက်ခိုက်နေသဖြင့် ပြည်သူများ ထိခိုက်မှုရှိနေပြီး ပြည်သူသောင်းချီ၍ စစ်ဘေးရှောင်နေရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article