31 C
Yangon

ကိုရဲမင်း ဦးဆောင်သော AAC မဟာမိတ်အဖွဲ့က ထိုင်းဘတ်ငွေ ၁ သန်းဖိုး တန်ဖိုးရှိ 308 စနိုက်ပါ ၃ လက်နှင့်ကျည်များ စကော်ပီယံ စစ်ကြောင်းထံသို့ လှူဒါန်း

Must read

ကိုရဲမင်း ဦးဆောင်သော AAC မဟာမိတ်အဖွဲ့က ထိုင်းဘတ်ငွေ ၁ သန်းဖိုး တန်ဖိုးရှိ 308 စနိုက်ပါ ၃ လက်နှင့်ကျည်များ စကော်ပီယံ စစ်ကြောင်းထံသို့ လှူဒါန်း

ရန်ကုန်၊ ဇန်နဝါရီ ၂၆

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ အရေး ကူညီ ဆောင်ရွက် ပေးနေ သော ကိုရဲမင်း ဦးဆောင်သည့် AAC မဟာမိတ်အဖွဲ့က ထိုင်းဘတ်ငွေ ၁ သန်းဖိုး တန်ဖိုးရှိ 308 စနိုက်ပါ သေနတ် ၃ လက်ကို တောင်ပိုင်းတိုင်း စစ်ဒေသ လက်အောက်ရှိ စကော်ပီယံ စစ်ကြောင်းထံသို့ ယနေ့ လှူဒါန်းကြောင်း ကိုရဲမင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စကော်ပီယံစစ်ကြောင်းသည် KNLA နှင့် ပြည်သူ့ကာကွယ်ရေး တပ်များ ပေါင်း စပ်ထားသော စစ်ကြောင်းဖြစ်ပြီး တောင်ပိုင်းတိုင်းစစ်ဒေသတွင် အခြေစိုက် ထားကြောင်း၊ ယင်းစစ်ကြောင်းအတွက် စနိုက်ပါ ၃ လက်ကို ကျည်ဆန်များနှင့် အတူ လှူဒါန်းခြင်းဖြစ်ကြောင်း၊ တန်ဖိုးအားဖြင့် ထိုင်းဘတ်ငွေ ၁ သန်း တန်ဖိုး ရှိကြောင်း သိရှိရသည်။

ကိုရဲမင်း ဦးဆောင်သော AAC မဟာမိတ်အဖွဲ့သည် ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားများ အရေးဆောင်ရွက်နေသည့်အပြင် နွေဦး တော်လှန် ရေးတွင် လည်း အဓိက ထောက်ပို့ မဟာမိတ်အဖွဲ့အဖြစ် ချိတ်ဆက် ဆောင် ရွက်၍ ပါဝင် နေသော အဖွဲ့အစည်းတစ်ခုလည်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article