27 C
Yangon

ကောလင်း၊ ကျောက်ပြင်သာရွာ ဓမ္မာရုံတွင် ပြည်သူများ အစည်းအဝေးလုပ်နေချိန် လေယာဉ်ဖြင့် ဗုံးလာကျဲ၊ အချိန်မီ ရှောင်တိမ်းနိုင်၍ လူထိခိုက်မှု မရှိ

Must read

ကောလင်း၊ ကျောက်ပြင်သာရွာ ဓမ္မာရုံတွင် ပြည်သူများ အစည်းအဝေးလုပ်နေချိန် လေယာဉ်ဖြင့် ဗုံးလာကျဲ၊ အချိန်မီ ရှောင်တိမ်းနိုင်၍ လူထိခိုက်မှု မရှိ

ရန်ကုန်၊ ဇန်နဝါရီ ၁၉

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ကောလင်း၊ ကျောက်ပြင်သာရွာ ဓမ္မာရုံတွင် ကျေးရွာနေ ပြည်သူ များ ယနေ့ အစည်းအဝေးလုပ်နေချိန် စစ်လေယာဉ်ဖြင့် ဗုံးလာကျဲရာ အားလုံး အချိန်မီ ရှောင်တိမ်း နိုင်၍ လူထိခိုက်မှုမရှိကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ဇန်နဝါရီလ ၁၉ ရက်နေ့ မွန်းလွဲ ၃ နာရီ ၁၀ မိနစ်အချိန် ကောလင်းမြို့နယ် ကျောက်ပြင်သာ အ နောက် တောင်ရိုးနှင့် ကိုးတောင်ဘို့မြောက်ဘက်၊ ရွာဦးဘုန်းကြီးကျောင်းကို စစ်တိုက်လေယာဉ်ဖြင့် အကြောင်းမဲ့ ပစ်ခတ်ရာ ဘုန်းကြီးကျောင်း ပျက်စီးသွားကြောင်း၊ ကျေးရွာ နေပြည်သူများက ရပ် ရေးရွာရေး ကိစ္စ ဆွေးနွေးစဉ် တိုက်လေယာဉ်ဖြင့် လာရောက် ပစ်ခတ်ခြင်းဖြစ်ပြီး အချိန်မီ ရှောင် တိမ်းနိုင်သဖြင့် တစ်စုံတစ်ရာ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။

“ပြည်သူတွေက အစည်းအဝေးလုပ်နေတဲ့ ရွာဦးကျောင်းဓမ္မာရုံဘက်ကိုပစ်တယ်။ ဗုံး ၃ လုံးကျဲတာ။ အသေအပျောက်မရှိဘူး။ ပြည်သူတွေ အစည်းအဝေး လုပ်နေတဲ့အချိန် ဒါ သတင်းပေး ရှိလို့ လာပစ် တယ်ယူဆရပါတယ်။ ဓမ္မာရုံ ပျက်စီးသွားပြီးပြည်သူတွေထိခိုက်မူမရှိပါဘူး ” ဟု ဒေသပြည်သူ တစ်ဦးက ပြောသည်။

စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ပစ်ခတ်သော ကျောက်သာပြင်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွား ခြင်းမရှိဘဲ အကြောင်းမဲ့ လာရောက်ပစ်ခတ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article