28 C
Yangon

ကောလင်း တိုက်ပွဲတွင် စစ်သား ၃ ဦးသေဆုံး၊ ကံမမြို့နယ်၊ ရေနံသာ တိုက်နယ် ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ရဲတစ်ဦး ဒဏ်ရာရ

Must read

ကောလင်း တိုက်ပွဲတွင် စစ်သား ၃ ဦးသေဆုံး၊ ကံမမြို့နယ်၊ ရေနံသာ တိုက်နယ် ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ရဲတစ်ဦး ဒဏ်ရာရ

ရန်ကုန်၊ ဇန်နဝါရီ ၂၂

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ဝါးရုံခုံကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့သော စစ် ကြောင်းကို ယနေ့ ဇန်နဝါရီလ ၂၂ ရက် ညနေ ၂ နာရီခွဲခန့်တွင် တိုက်ခိုက် ခဲ့ရာ စစ်သား ၃ ဦးသေဆုံး ခဲ့ကြောင်း Kawlin Revolution-KR ထံမှ သိရသည်။

ယနေ့ဇန်နဝါရီလ ၂၂ ရက် နံနက်ပိုင်း အင်အား ၅၃ ဦး ပါသော စစ်တပ် စစ် ကြောင်းသည် ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့ဒေသမှ ထွက်ခွာလာပြီး ကော လင်းမြို့နယ်၊ ဝါးရုံခုံကျေးရွာရှိ ဈေးဆိုင်များကို မီးရှို့ဖျက်ဆီးကြောင်း၊ ယင်း နောက် ထိုစစ်ကြောင်းက ကိုးတောင်ဘို့ ပြန်လာစဉ် ပြည်သူ့ ကာကွယ် ရေး တပ်ဖွဲ့များက လမ်းတွင် စောင့်ကြို တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုကြောင့် စစ်သား ၃ ဦးသေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ရာတွင် ကောလင်းခရိုင် တပ်ရင်း ၁ ၊ ဇင်ဇော် လေး တပ်စိပ်၊ ကျော်ကြီးတပ်စိပ်နှင့် ကော လင်းမြို့နယ် ပြည်သူ့ ကာကွယ် ရေးတပ်ဖွဲ့ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲခြင်းဖြစ်ပြီး တိုက်ပွဲကြာ ချိန် ၁ နာရီ ခန့်ကြာမြင့်ခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ မကွေးတိုင်း၊ သရက်ခရိုင်၊ ကံမမြို့နယ်၊ ရေနံ့သာတိုက်နယ် ရဲစခန်း ကို ဒရုန်းဖြင့် ဗုံးသီးတစ်လုံးကျဲချ တိုက်ခိုက်ခဲ့ရာ ရဲများထိခိုက် သေဆုံးမှု ရှိနိုင် ကြောင်း Eagle Force သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုမြတ် က ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဇန်နဝါရီလ ၂၂ ရက် ညနေ ၃ နာရီ ၄၅ မိနစ်ခန့်က အင်အား ၁၅ ဦးခန့် ဖြင့် တပ်စွဲထားသော ရေနံ့ သာတိုက်နယ်ရဲစခန်းကို သရက်ခရိုင် ၊ တပ်ရင်း-၄ (EAGLE FORCE) က ပထမဆုံးအကြိမ် ဒရုန်းမစ်ရှင် အဖြစ် ဒရုန်းဖြင့် ဗုံး၁ လုံးကျဲချတိုက်ခိုက်ရာ ရဲတစ်ဦးထိခိုက် ဒဏ် ရာရရှိခဲ့ကြောင်း သိရသည်။

“ခြင်းခတ်နေတဲ့ ရဲခွေးတွေကို ဒရုန်းနဲ့ ဗုံးချဖို့ ပျံသန်းနေတုန်းမှာ ဒရုန်းမြင်ပြီး ရဲတွေ ထွက်ပြေးသွားတယ်၊ ပြေးနေတဲ့ ရဲခွေးနှစ် ကောင်နောက်ကို လိုက်ပြီး ဗုံးချခဲ့တာ၊ နောက်ဆုံးသိရတာကတော့ ဆေးရုံနောက်ပေါက်ကနေ ရဲတစ် ယောက် ကို တွဲပြီး ဝင်ပို့တာမြင်တယ်လို့ ပြောပါတယ်၊ ဆေးရုံကလည်း စခန်း ဘေးကပ်မှာရှိတယ်။ တစ်ယောက်ထိခိုက်ဒဏ်ရာရရှိတဲ့သဘောပေါ့” ဟု Eagle Force သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြောဆိုသည်။

အဆိုပါ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ရဲများက ပြန်လည်ပစ်ခတ် တိုက် ခိုက်နိုင်ခြင်း မရှိကြောင်း၊ လက်ရှိတွင် ကံမမြို့နှင့် သရက်မြို့မှ စစ်သား၊ ရဲများ ထပ်မံအင်အားဖြည့်ထားကြောင်း၊ ယမန်နှစ် ဩဂုတ်လပိုင်းကလည်းရဲစခန်းကို PDF များက လာရောက်တိုက်ခိုက်ရာ ရဲများ အားလုံးထွက်ပြေးသွား ခဲ့ကြ ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article