35 C
Yangon

ကောလင်း ပကဖ အဖွဲ့ဝင် အမျိုးသမီးနှစ်ဦး မိုင်းသယ်လာစဉ် စစ်ကြောင်းနှင့်တိုးပြီး အသေခံမိုင်းခွဲ တိုက်ခိုက်

Must read

ကောလင်း ပကဖ အဖွဲ့ဝင် အမျိုးသမီးနှစ်ဦး မိုင်းသယ်လာစဉ် စစ်ကြောင်းနှင့်တိုးပြီး အသေခံမိုင်းခွဲ တိုက်ခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၉

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ မင်းတဲကြီးရပ်ကွက်၊ ကောလင်း-ဥက္ကံလမ်းမကြီးတွင် ကောလင်း ပကဖ အဖွဲ့ဝင် အမျိုး သမီးနှစ်ဦး လက်လုပ်မိုင်း သယ်လာစဉ် အကြမ်းဖက်စစ်တပ်နှင့် ထိပ်တိုက်တိုးရာ အသေခံမိုင်းခွဲတိုက်ခိုက်သွားကြောင်း Kalawlin Revolution –KR က ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ အတည်ပြုပြောကြားသည်။

ဇန်နဝါရီလ ၇ ရက် နံနက် ၉ နာရီ ၁၅ မိနစ်ခန့်က ကောလင်းမြို့ပတ်လည်ရှိ ကျို့ခုံ၊ ဝါးရုံခုံရွာမှ ချမ်းသာ၊ မင်းတဲကြီးရပ်ကွက်များသို့ စစ်ကြောင်းထိုးဝင်ရောက်လာသဖြင့် ကောလင်းမြို့ နယ် ပကဖ အဖွဲ့ဝင်ဖြစ် သည့် မစုစုရည်နှင့် မနှင်းဆီလှိုင်တို့ သည် မိုင်းထောင်ရန် ဆိုင်ကယ်ဖြင့် သယ်လာစဉ် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၏ ရှေ့ပွိုင့်စစ်ကြောင်းနှင့်ထိပ်တိုက်တိုးကာ စစ်ဆေးခံရစဉ် အသေခံ မိုင်းခွဲတိုက်ခိုက်သွားခြင်းဖြစ် ကြောင်း သိရသည်။

“စစ်ကြောင်းရှေ့က ရောက်ဖို့သွားပေမယ့် တည့်တည်းတိုးတာ၊ ဆိုင်ကယ်ကို စစ်ဆေးဖို့လုပ်တော့ ပါလာတဲ့ ရီမုမိုင်းကို အသေ ခံဖောက်ခွဲသွားတာ၊ ခွေးတွေကတော့ ဒဏ်ရာရတယ်လို့ကြားတယ်၊ သေမသေ အတိအကျတော့မသိရဘူး။ ရဲဘော်တွေရဲ့ အလောင်းတွေလဲ ပြန်မရဘူး၊ မနေ့က စစ်ခွေးတွေက သင်္ဂြိုလ် လိုက်တယ်လို့ပဲ သိရတယ်၊ ဘယ်နေရာမှာ သင်္ဂြိုလ်လိုက်လဲဆိုတာ မသိရဘူး။” ဟု Kawlin Revolution – KR မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

အာဇာနည်သူရဲကောင်းအဖြစ် ကျဆုံးသူ အသက် ၄၅ နှစ်အရွယ် မစုစုရည်သည် ကောလင်းမြို့ဇာတိဖြစ်ပြီး ကွမ်းယာရောင်းသူဖြစ်ကြောင်း၊ အသက် ၂၀ အရွယ် မနှင်းဆီလှိုင်သည်လည်း သာမန်အရပ်သူပင် ဖြစ်ကြောင်း သိရသည်။

“မနေ့က မစုစုရည်ရဲ့နေအိမ်ကို စစ်ခွေးတွေက ဖျက်ဆီးပြီး ချိတ်ပိတ်သွားတယ်၊ မစုစုရည်မှာက အသက် ၇၀ အရွယ် အမေအိုတစ်ယောက်နဲ့ အသက် ၂၀ အရွယ်သားတစ်ယောက်လဲ ကျန်ခဲ့တယ်။ မနှင်းဆီလှိုင် အကြောင်းကတော့ သူ့မိသားစုဝင်တွေက ပြောမပြစေချင်တဲ့အတွက် ပြောပြလို့မရဘူး”ဟု Kawlin Revolution –KR မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

Photo- အာဇာနည် သူရဲကောင်းအဖြစ် ကျဆုံးသူ မစုစုရည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article