27 C
Yangon

ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့အနီးတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၄၀ ဦးနှင့် အထက် သေဆုံးပြီး ပြည်သူများ၏ နေအိမ်များကို စစ်တပ်က လက်နက်ကြီး ဖြင့် ပစ်ခတ်သောကြောင့် မီးလောင်

Must read

ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့အနီးတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၄၀ ဦးနှင့် အထက် သေဆုံးပြီး ပြည်သူများ၏ နေအိမ်များကို စစ်တပ်က လက်နက်ကြီး ဖြင့် ပစ်ခတ်သောကြောင့် မီးလောင်

ရန်ကုန်၊ ဇန်နဝါရီ ၂၅

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့အနီးတိုက်ပွဲတွင် စစ်တပ်ဘက် မှ ၄၀ ဦးနှင့်အထက်သေဆုံးပြီး ပြည်သူများ၏ နေအိမ်များကို စစ်တပ်က မီး တင် ရှို့ခဲ့ကြောင်း Lion Battalion Commando – ဗျူဟာစစ်ကြောင်းက တရား ဝင် သတင်းထုတ်ပြန်သည်။

ကော်သူလေး တပ်မတော် KTL Army ၏ ဗျူဟာမှူးဗိုလ်အယ်စေးဝါး ဦးဆောင် သော Lion Battalion Commando – ဗျူဟာစစ်ကြောင်း နှင့် အခြား သော ပူး ပေါင်း မဟာမိတ်တပ်ဖွဲ့များက စစ်ကောင်စီတပ်များကို တိုက်ခိုက်ရာ တိုက်ပွဲ များ ပြင်းထန်လျက်ရှိပြီး ယနေ့တွင်လည်း တိုက်ပွဲများပြင်းထန်နေကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်း စစ်ကူ Mi 35 ရဟတ်ယာဥ် အမျိုးအစားများအသုံးပြု၍ ပစ်ခတ်တိုက်ခိုက် လျက် ရှိ ကြောင်း ၊ လွန်ခဲ့သော ၃ ရက်ခန့်မှစတင်၍ နေ့စဉ် ဖြစ်ပွားနေသော တိုက်ပွဲ များ အတွင်း အကြမ်းဖက်စစ်ကောင်စီဘက်မှ သေဆုံးသူ‌ စစ်သား ၄၀ ဦး နှင့် အထက်ရှိကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၂၀ ရက်နေ့မှစတင်ပြီး တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ကာ ကရင် ပြည် နယ် ၊ ကော့ကရိတ်မြို့နယ် ၊ ကျုံဒိုးမြို့အနီးရှိ ကမ်းနီ ၊ မိဂလုံ ၊ ကော့ဘိန်း အစရှိ သည့်ကျေးရွာများတွင် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ် ခတ်ခဲ့ကြောင်း၊ စစ်တပ်၏ လက်နက်ကြီးများက ပြည်သူများ၏ နေအိမ်များ အ ပေါ်သို့ကျရောက်ပေါက်ကွဲကာ နေအိမ်များ မီးလောင်ပျက်စီးလျက်ရှိကြောင်း၊‌ ဒေသပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်တပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကျုံဒိုးမြို့အနီး ကျေးရွာများ မီးလောင်နေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article