30 C
Yangon

ကော့ကရိတ်မြို့နယ်၊ ကျုံဒိုး ကမ်းနား ညောင်ရိပ်သာ ကျေးရွာကို စစ်တပ်က မီးတင်ရှို့နေပြီး BGF ဗိုလ်ဝင်းအောင်အဖွဲ့က ရမ်းသမ်းပစ်ခတ်နေ

Must read

ကော့ကရိတ်မြို့နယ်၊ ကျုံဒိုး ကမ်းနား ညောင်ရိပ်သာ ကျေးရွာကို စစ်တပ်က မီးတင်ရှို့နေပြီး BGF ဗိုလ်ဝင်းအောင်အဖွဲ့က ရမ်းသမ်းပစ်ခတ်နေ

ရန်ကုန်၊ ဇန်နဝါရီ ၂၆

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုး ကမ်းနား အရှေ့ဘက်ရှိ ညောင် ရိပ်သာ ကျေးရွာကို စစ်တပ်က ယနေ့ နံနက်ပိုင်း မီးတင်ရှို့နေကြောင်း ညောင် ရိပ်သာကျေးရွာသားများက ရန်ကုန်ခေတ်သစ်သတင်းဌာနက ထံသို့ ပြောဆို ကြသည်။

ဇန်နဝါရီ ၂၆ ရက်နေ့ နံနက် ၉ နာရီဝန်းကျင်အချိန် စစ်တပ် စစ်ကြောင်းက ကျေးရွာအတွင်းသို့ ဝင်ရောက်လာပြီး ရွာအလယ်မှ စတင်၍ မီးစတင်ရှို့ ခြင်းဖြစ် ပြီး စစ်တပ်လက်အောက်ခံ BGF တပ်များက ရမ်းသမ်းပစ်ခတ်မှုများ လုပ် ဆောင် နေကြောင်း သိရှိရသည်။

“ညောင်ရိပ်သာကျေးရွာက အိမ်ခြေ ၁၀၀ လောက်ရှိတယ်။ ကျုံဒိုးကမ်းနား ပိုင်း ကို စစ်တပ်ဘက်က အခု မီးရှို့နေတာ။ ရွာအလယ်က နေစရှို့တာ။ ရွာနဲ့ ကျုံဒိုး မြို့နဲ့ အဲ့ဒီချောင်းလေးပဲ ခြားပါတယ်။ စစ်တပ်က မီးရှို့နေတဲ့အချိန် ကျုံဒိုးမြို့ အခြေစိုက် BGF ဗိုလ်ဝင်းအောင်အဖွဲ့က ရမ်းပြီး သေနတ်တွေ ပစ်နေတယ်။ မီးရှို့တာက စကစ၊ ရမ်းပစ်နေတာက BGF။ ဘယ်သူတွေ မီးရှို့နေတာ ကျုံဒိုး ပြည်သူနဲ့ ရွာက ပြည်သူတွေအားလုံး မြင်နေ တွေ့နေရတယ် ” ဟု ညောင်ရိပ် သာ ကျေးရွာသားတစ်ဦးက ပြောသည်။

လက်ရှိအချိန်တွင် ညောင်ရိပ်သာကျေးရွာမှ ပြည်သူများ စစ်ဘေးရှောင် နေကြ ရပြီး အနီးအနားကျေးရွာများမှလည်းပြည်သူ အားလုံး ထွက်ပြေးနေ ကြရသည် ဟု သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article