30 C
Yangon

ကော့ကရိတ်၊ ကျုံဒိုးမြို့အနီးတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်မှ သေဆုံး မှုများပြား၍ တိုက်လေယာဉ်ဖြင့် ဗုံးကျဲ၊ ဘုရားသုံးဆူအနီးရှိ KNU တပ်မဟာ ၆ သတ္တုလုပ်ကွက်ကိုလည်း စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချ

Must read

ကော့ကရိတ်၊ ကျုံဒိုးမြို့အနီးတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်မှ သေဆုံး မှုများပြား၍ တိုက်လေယာဉ်ဖြင့် ဗုံးကျဲ၊ ဘုရားသုံးဆူအနီးရှိ KNU တပ်မဟာ ၆ သတ္တုလုပ်ကွက်ကိုလည်း စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချ

ရန်ကုန်၊ ဇန်နဝါရီ ၂၅

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့နယ်အနီး ကမ်းနီ၊ ကော့ကာ၊ မိဂလုံ ကျေးရွာများအနီးတွင် ယနေ့ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားပြီး စစ် တပ်က တိုက်လေယာဉ်များဖြင့် ဗုံးများကျဲချသွားကြောင်း ဒေသပြည်သူ များ က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် ကျုံဒိုးမြို့နယ်အနီးတွင် တိုက်ပွဲများ အပြင်း အထန်ဖြစ်ပွားခြင်းဖြစ်ပြီး လက်နက်ကြီးများဖြင့် စစ်တပ်က တစ်ချိန် လုံးပစ်ခတ်နေကြောင်း၊ ယင်းနောက် စစ်တပ်ဘက်မှ အထိနာသဖြင့် တိုက် လေ ယာဉ် များဖြင့် ကမ်းနီး၊ ကော့ကာကျေးရွာများအနီးသို့ ဗုံးကျဲချ သွား ကြောင်း သိရှိရသည်။

“တိုက်ပွဲတွေက ဖြစ်နေတာ ၃ ရက်၊ ၄ ရက်ရှိနေပြီ။ ဒီနေ့မနက်ပိုင်းမှာလည်း အပြန်အလှန် ပစ်ခတ်ကြတာ။ တိုက်ပွဲက ၃ နေရာ၊ ၄ နေရာ တစ်ပြိုင် နက် တည်းဖြစ်တာ။ စစ်တပ် စစ်ကြောင်းဝင်လာတာရော၊ စစ်တပ်စခန်း တွေ အတိုက် ခံရတာတွေရော။ ပြည်သူတွေကတော့ ပြေးနေကြတယ်။ မွန်းလွဲ ၁ နာရီလောက်မှာ လေယာဉ်တွေနဲ့ ဗုံးတွေ လာကျဲချသွားတယ်” ဟု ဒေသပြည် သူတစ်ဦးက ပြောသည်။

PDF သတင်းရင်းမြစ်တချို့ ၏ အဆိုအရ တိုက်ပွဲများတွင် စစ်တပ်ဘက်မှ သေ ဆုံး ထိခိုက်မှု များပြားနေသဖြင့် စစ်တိုက်လေယာဉ်များ အသုံးပြု ဗုံးလာ ကျဲ ချခြင်း ဖြစ် ကြောင်း သိရှိရသည်။

အလားတူ ကရင်ပြည်နယ်၊ KNU တပ်မဟာ ၆ နယ်မြေ ၊ ကြာအင်းဆိပ်ကြီး မြို့ နယ်၊ ဘုရားသုံးဆူ မြို့နှင့် ၁၈မိုင် အကွာ သတ္တုတူးဖော်ရေး လုပ်ကွက် တစ်ခု ကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ယနေ့ နံနက်ပိုင်း ဗုံးကျဲချသွား ကြောင်း ဒေသပြည်သူတချို့ ပြောဆိုသည်။

ဇန်နဝါရီ ၂၅ ရက်နေ့ နံနက် ၂ နာရီဝန်းကျင်အချိန် KNU တပ်မဟာ ၆ နယ် မြေ သ တ္တု ဖော်ရေး လုပ်ကွက်ကို စစ်တပ်က ဗုံးကျဲချခြင်းဖြစ်ပြီး လူထိခိုက်မှု ရှိ၊ မရှိကို အသေးစိတ် မသိရှိရသေးပေ။

ဓာတ်ပုံ- ဘုရားသုံးဆူအနီးရှိ KNU သတ္တုလုပ်ကွက်များကို စစ်တပ်က ယနေ့ နံနက်အစောပိုင်း လေယာဉ်ဖြင့် ဗုံးကျဲချထားစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article