31.9 C
Yangon

ကော့ကရိတ်၊ အာရှလမ်း ၁၂ ရက်အကြာ တိုက်ပွဲတွင် စစ်တပ်ဘက်မှ ၄၈ ဦး သေ ဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

Must read

ကော့ကရိတ်၊ အာရှလမ်း ၁၂ ရက်အကြာ တိုက်ပွဲတွင် စစ်တပ်ဘက်မှ ၄၈ ဦး သေ ဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

ရန်ကုန်၊ ဇန်နဝါရီ ၈

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ KNU တပ်မဟာ ၆ နယ်မြေ အာရှလမ်း ၁၂ ရက်အကြာ တိုက်ပွဲတွင် စစ်တပ်ဘက်မှ ၄၈ ဦးသေဆုံးပြီး လက်နက်ခဲယမ်း များ သိမ်းဆည်းရမိကြောင်း ကော်ဘရာ စစ်ကြောင်း က သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာလ ၁၉ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့ အထိ ကော့ကရိတ်မြို့နယ်၊ အာရှလမ်းတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ ဗိုလ်မှူး ၂ ဦး အပါ အဝင် ၄၈ ဦး သေဆုံးကြောင်း၊ စစ်သား ၆၁ ဦး ဒဏ်ရာရပြီး လက်နက်ခဲယမ်း များ သိမ်းဆည်းရမိကြောင်း ၊ စစ်ကောင်စီဘက်မှ နယ်မြေခံတပ် ခလရ ၂၃၁၊ ခလရ ၂၃၀၊ ခလရ ၉၇၊ အမြှောက်တပ် ၅၄၇၊ တပ်မ(၄၄) လက်အောက်ခံ ခမရ ၉၊ ခလရ ၁၀၄၊ တပ်မ(၁၁) ထုတ်နုတ်အင်အား တို့က ကော့ကရိတ်တောင်ပိုင်း အာရှလမ်းနှင့် ကော့နွဲကျေးရွာဘက်ကို အင်အားအလုံးအရင်းဖြင့် ကျူးကျော် ဝင်ရောက် လာသည့်အတွက် လုံခြုံရေးယူထားသော ပူးပေါင်းတပ်ဖွဲ့နှင့် ထိတွေ့မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

မဟာမိတ် ပူးပေါင်းတပ်ဖွဲ့ဘက်မှ KNLA တပ်ရင်း(၁၈)၊ တပ်ရင်း(၂၇)၊ Cobra စစ်ကြောင်း၊ ဒေါနစစ်ကြောင်း၊ ကျားဖြူစစ်ကြောင်း၊ နဂါးဖြူစစ်ကြောင်း၊ Federal Wings ဒရုန်းတပ်ဖွဲ့၊ Golden Eagles ဒရုန်းတပ်ဖွဲ့ တို့နှင့် ရက်ရှည် ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ Cobra စစ်ကြောင်းမှ ၁၀ ဦး ဒဏ်ရာရပြီး ၁ ဦးကျဆုံးခဲ့ခဲ့ကြောင်း၊ ဒေါနစစ်ကြောင်းမှ ၄ ဦး၊ နဂါးဖြူစစ်ကြောင်းမှ ၃ ဦး ဒဏ်ရာရရှိကြောင်း သိရှိရသည်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီထံမှ MA3 ၂ လက်၊ MA2 -စက်က လေး ၁ လက်၊ ကျည်ဘောက် ၁၂ ဘောက်၊ ၄၀မမ ကျည် ၂၉ လုံး၊ ခြေနင်း မိုင်း ၂ လုံး၊ လက်ပစ်ဗုံး ၆ လုံး၊ RPGကျည် ၂ လုံး၊ ပို့ယမ်း ၃ တောင့်၊ ၆၀မမ ကျည် ၁ လုံး၊ အီနာဂါ ၁ လုံး၊ ၇.၆၂ကျည် ၆၅၀ တောင့်၊ ၅.၅၆ကျည် ၅၆၅ တောင့်၊ ကျည်ကာခမောက် ၆ လုံး တို့ကို Cobra စစ်ကြောင်းက သိမ်းဆည်းရ မိကြောင်း သိရှိရသည်။

KNLA တပ်ရင်း(၁၈) ကလည်း MA3 ၁ လက် သိမ်းဆည်းရမိပြီး စစ်ကောင်စီ ၏ သံချပ်ကာကား (၂)စီးကို ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီက ကော့နွဲကျေးရွာမှ လူနေအိမ် ၁၈ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး တစ်ရွာလုံးနီးပါးရှိ အိမ်ခြေများ ပျက်စီးခဲ့ကြောင်း၊ ကျေးရွာအတွင်း မွေးမြူထားသော ကျွဲ၊ နွား၊ ဝက်၊ ကြက် အမြောက်အများ သေဆုံးခဲ့ပြီး စစ်တပ်က ကုန်းကြောင်း၊ လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ထိုးစစ်ဆင်ခဲ့ကြောင်း သိရှိရသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article