34 C
Yangon

ကော့ကရိတ်-မြ၀တီ အာရှလမ်းပိုင်းတွင် မိုင်းပေါက်ကွဲပြီး လမ်းအလယ်တွင် အပေါက်ကြီးဖြစ် ကျန်ရစ်၊ စစ်ကောင်စီက မြ၀တီ-မဲဆောက်တံတား ၁ ကို ဖွင့် လှစ်ရန် ပြင် ဆင်နေသော်လည်း တိုက်ပွဲများ ဖြစ်နေဆဲ

Must read

ကော့ကရိတ်-မြ၀တီ အာရှလမ်းပိုင်းတွင် မိုင်းပေါက်ကွဲပြီး လမ်းအလယ်တွင် အပေါက်ကြီးဖြစ် ကျန်ရစ်၊ စစ်ကောင်စီက မြ၀တီ-မဲဆောက်တံတား ၁ ကို ဖွင့် လှစ်ရန် ပြင် ဆင်နေသော်လည်း တိုက်ပွဲများ ဖြစ်နေဆဲ

ရန်ကုန်၊ ဇန်နဝါရီ ၁၁

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ကရိတ်-မြ၀တီ အာရှလမ်းမကြီး၊ ဆိတ်ဖူးတောင်ကြားတွင် ယနေ့ နံနက်ပိုင်း မိုင်းပေါက်ကွဲပြီး လမ်းလယ်တွင် အပေါက်ကြီး ဖြစ်ကျန်ရစ်ခဲ့ကြောင်း ခရီးသွားပြည်သူများက ပြောသည်။

ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက်ပိုင်း အစောပိုင်းအချိန်တွင် မိုင်းပေါက် ကွဲခဲ့ ကြောင်း၊ သို့ရာတွင် လမ်းကို ဖောက်ခွဲခြင်းဖြစ်၍ ဒဏ်ရာရရှိသူမရှိကြောင်း သိရှိရသည်။

“လမ်းအလယ်မှာတော့ မြေကြွင်းကြီးဖြစ်သွားတယ်။ ဘေးက ကပ်သွားရင် တော့ ရပါတယ်။ လမ်းက ပွင့်နေတုန်းပဲ။ ကော့ကရိတ် ဘက်က ဖြတ်ရင်တော့ လက်နက်ကြီးသံတွေ သေနတ်သံတွေ ကြားနေရတုန်း။ သွားသာသွားနေရတာ ကျောကတော့ ချမ်းတယ်။ တိုက်ပွဲတွေကတော့ အချိန်မရွေးဖြစ် နိုင်တဲ့သဘော လို့လည်းပြောကြတယ်။ သတိထားသွားနေရတယ်” ဟု မြ၀တီမှ ကုန်စည် သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

အကြမ်းဖက် စစ်ကောင်စီနှင့် ထိုင်းအစိုးရက ဇန်နဝါရီလ ၁၂ ရက်နေ့တွင် မဲဆောက်-မြ၀တီ အမှတ် ၁ တံတားကို ပြန်လည် ဖွင့်လှစ်ရန် စီစဉ်နေပြီး ထိုင်းအစိုးရက တံတားဖွင့်လှစ်မည့်အစီအစဉ်ကို တရားဝင် ကြေညာခဲ့သည်။

“အခု မြ၀တီအထိကို ထော့ကော်ကိုးဘက်က လမ်းက လုံခြုံနေသေးတယ်။ အာရှလမ်းမကြီးက စစ်မျက်နှာဂွင်ထဲကျနေတော့ အာမခံချက်မရှိဘူး။ ဘာမှ မဖြစ်ရင် ဘာမှ မဖြစ်ဘူး။ ဖြစ်ရင်လည်း ကိုယ်ဖြစ်ကိုယ်ခံသဘောဖြစ်နေတယ်။ တံတားဖွင့်ပေမယ့်လည်း လမ်းအခြေအနေက မလုံခြုံသေးဘူး” ဟု မြ၀တီမှ ကုန်စည်သယ်ပို့ဆောင်ရေး လုပ်ငန်းရှင်က ဆက်လက်ပြောဆိုသည်။

ဇန်နဝါရီ ၁၂ ရက်နေ့ မဲဆောက်-မြ၀တီ အမှတ် ၁ တံတား ပြန်လည် ဖွင့်လှစ် ချိန်တွင် မြ၀တီ-ကော့ကရိတ် အာရှလမ်းမကြီးကို ပိတ်ထားမည် ဆိုသော သတင်း များက ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လျက်ရှိကြောင်း ဒေသပြည်သူ များထံမှ သိရှိရသည်။

ဓာတ်ပုံ-ယနေ့ နံနက်မိုင်းပေါက်ကွဲမှုကြောင့် အာရှလမ်းပိုင်းတွင် လမ်းအလယ် အပေါက်ကြီးဖြစ်ကျန်ရစ်နေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article