37 C
Yangon

ကျိုက်ထိုနှင့် သပိတ်ကျင်းတွင် စစ်ကောင်စီခန့် ​ကျေး ရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပစ်ခတ်ခံရပြီး ၃ ဦး သေဆုံး

Must read

ကျိုက်ထိုနှင့် သပိတ်ကျင်းတွင် စစ်ကောင်စီခန့် ​ကျေး ရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပစ်ခတ်ခံရပြီး ၃ ဦး သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁၄

မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာနှင့် မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ငတက် တိုင်ကျေးရွာတို့မှ အုပ်ချုပ်ရေးမှးတစ်ဦး၊ဆယ်အိမ်မှူးတစ်ဦးနှင့် အပေါင်းပါတစ်ဦးတို့ ပစ်ခတ်ခံရပြီး သေ ဆုံးသွားကြောင်း သိရသည်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကဒတ်ချောင်းကျေးရွာတွင် အကြမ်းဖက်စစ် ကောင်စီသတင်းပေး ဒလန် အကြီးစား ဆယ်အိမ်မှူး ပေါ်ထွန်းနှင့် ၎င်း၏ အပေါင်းပါ တစ်ဦးတို့ ယမန်နေ့ ဇန်နဝါရီလ ၁၃ ရက် ညပိုင်းက သတ်ဖြတ်ခံခဲ့ရကြောင်း Kyaikhto Information Team မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ယမန်နေ့ ဇန်နဝါရီလ ၁၃ ရက် ည ၈ နာရီကျော်ခန့်က ကင်မွန်းချောင်းကျေးရွာ၊ ဆယ်အိ်မမှူး ပေါ်ထွန်း နှင့် ပေါ်ပြူလာခြံစောင့်ဟုဆိုသော နယ်ခံမဟုတ်သည့် အမျိုးသားတစ်ဦးတို့သည် ကျိုက်ထိုမြို့နယ်၊ ကဒက်ချောင်းကျေးရွာ၌ ရှိနေစဉ် သတ်ဖြတ်ခံခြင်းဖြစ်ပြီး မည်သည့်အဖွဲ့က လုပ်ကြံ သတ်ဖြတ်သွား သည်ကို မသိရသေးကြောင်း Kyaikhto Information Team ထံမှ သိရသည်။

“ပေါ်ထွန်းက အရင်တစ်ခါကလည်း အသတ်ခံရတော့မလိုပဲ၊ သူက တကယ့် ဒလန်အကြီးစား၊ တော်လှန် ရေးရဲဘော်တွေရဲ့သတင်းတွေကို စုံစမ်းပြီး စစ်ခွေးတွေ ဆီပေးနေတာ၊ နောက်ထပ်တစ်ဦးက ဇော်မိုးတဲ့၊ မီးလှုံနေတုန်း အပစ်ခတ်ခံရတာလို့ သတင်းရတယ်၊ ဘယ်ကလဲတော့ မသိသေးဘူး။” ဟု Kyaikhto Information Team မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

လုပ်ကြံသတ်ဖြတ်ခံရသူ ဆယ်အိမ်မှူးပေါ်ထွန်းသည် တော်လှန်ရေးအဖွဲ့အစည်းများ၏ သတင်းများကို စုံစမ်းကာ အကြမ်းဖက်စစ်ကောင်စီထံ သတင်းပေးခြင်းလုပ်ဆောင်နေသည့်အပြင် ကျေးရွာနေပြည်သူ များ ကိုလည်း ခြိမ်း ခြောက်ခြင်း၊ အနိုင်ကျင့် ဗိုလ်ကျခြင်းတို့ လုပ်ဆောင်နေသူတစ်ဦးဖြစ်ကြောင်း သိရ သည်။

အလားတူ မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ ငတက်အိုင်ကျေးရွာနေ အကြမ်းဖက် စစ်ကောင်စီ ခန့်အုပ်ချုပ်ရေးမှူး အောင်ပုကို ယမန်နေ ့ဇန်နဝါရီလ ၁၃ ရက် ည ၇ နာရီခွဲခန့်က ပစ်ခတ် ရှင်းလင်းခဲ့ရာ သေဆုံးသွားကြောင်း ဗိုလ်လင်းယုန်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ ငတက်အိုင်ကျေးရွာ အုပ်ချုပ်ရေးမှူး အောင်ပုသည် အကြမ်းဖက်စစ်တပ်ကို သတင်းပေးခြင်း၊ ရွာသူရွာသားများကို ခြိမ်းခြောက်ခြင်းတို့ ကြောင့် ဗိုလ်လင်းယုန်တပ်ဖွဲ့(ပြင်ဦးလွင်ခရိုင် ပကဖ) တပ်ဖွဲ့မှ ရဲဘော်များက ဦးခေါင်းအတွင်း ကျည်နှစ်ချက် ပစ်ခတ်တိုက် ခိုက်ခဲ့ရာ သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ အုပ်ချုပ်ရေးမှူး အောင်ပု၏ တပည့် ငတက်အိုင်ရွာသား မိုက်ကယ် ဓါးချက်ကြီးဆိုသူကို လည်း ရွာသူ၊ ရွာသားများအပေါ် အနိုင်ကျင့်ဗိုလ်ကျခြင်း မပြုလုပ်ရန် အကြမ်းဖက် စစ်ကောင်စီသတင်း ပေး ဆက်မလုပ်ရန် ရိုက်နှက် ဆုံးမပေးခဲ့သည် ဟုဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article