32 C
Yangon

ကျိုက်ထို၊ မရမ်းချောင်ရွာ အုပ်ချုပ်ရေးမှူး အောင်ထွန်းနှင့် ကော့ကရိတ်၊ ၂ ရပ်ကွက်အုပ်ချုပ်ရေးမှူး မြင့်အောင်တို့ ပစ်ခတ်ခံရပြီး ပွဲချင်းပြီး သေကြ

Must read

ကျိုက်ထို၊ မရမ်းချောင်ရွာ အုပ်ချုပ်ရေးမှူး အောင်ထွန်းနှင့် ကော့ကရိတ်၊ ၂ ရပ်ကွက်အုပ်ချုပ်ရေးမှူး မြင့်အောင်တို့ ပစ်ခတ်ခံရပြီး ပွဲချင်းပြီး သေကြ

ရန်ကုန်၊ ဇန်နဝါရီ ၁၅

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်းကျေးရွာ မှစစ်ကောင် စီခန့် အုပ်ချုပ်ရေးမှူး အောင်ထွန်း ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း Kyaikhto Information Team မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇန်နဝါရီလ ၁၄ ရက် ည ၇ နာရီခွဲခန့်က မရမ်းချောင်ကျေးရွာ ဘုရား ကိုးဆူအနီး၌ ပစ်ခတ်ခံရကာ နဖူးကျည်တစ်ချက် ထိမှန်သေဆုံးသွားပြီး ည ၈ နာရီခန့်တွင် စစ်တပ်က လာရောက်စစ်ဆေးကြောင်း၊ အလောင်းကို နေအိမ်သို့သယ်ယူသွား ခြင်း ဖြစ်ကြောင်း သိရသည်။

“ အရင်အုပ်ကြီး အသတ်ခံရလို့ သူ့ကိုခန့်ထားတာ၊ ၅ လလောက်ပဲရှိသေးတယ်၊ သူ့မှာက ကျည်ကာအင်္ကျီရှိ တယ်လို့တော့ကြားတယ်၊ သေနတ်ရှိ၊ မရှိတော့ မသိဘူး။ ဘယ်အဖွဲ့အစည်းက ပစ်ခတ်သတ်ဖြတ်သွားတာ လဲ ဆိုတာလဲ မသိရသေးဘူး၊ သူက အရင်ကတည်းက လူမှုရေးမရှိတဲ့သူ၊ အခုနာရေး လုပ်တော့ ကုလားဖျင်ထိုး ပေးမယ့်သူတောင်မရှိဘူး” ဟု Kyaikhto Information Team မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ပစ်ခတ်သတ်ဖြတ်ခံရသူ အုပ်ချုပ်ရေးမှူး အောင်ထွန်းမှာ အသက် ၄၇ နှစ်အရွယ်ရှိပြီး ယခင်အုပ်ချုပ်ရေးမှူး ကျော်မင်းဦးသတ်ဖြတ်ခံရပြီးနောက် အကြမ်းဖက်စစ်ကောင်စီက ၎င်းတို့အစားထိုးခန့်အပ်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

အလားတူ ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန် ကရင် ပြည်နယ်၊ ကော့ကရိတ်မြိုနယ်၊ ကျုံဒိုးမြို၊ အမှတ် ၂ ရပ် ကွက်အုပ်ချုပ်ရေးမှူး မြင့်အောင် အသက် ၆၄ နှစ်သည် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။

“ဆိုင်ကယ်နဲ့ လာပစ်သွားတာ။ အား လို့ တစ်ချက်ပဲ အော်နိုင်တယ်။ ကားပေါ်မယ် ပွဲချင်းပြီးပဲ။ အပစ်ခံရတာက ၁၀ ချက်လောက် ဆက်တိုက် အပစ်ခံရတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- သေဆုံးသွားသော ကော့ကရိတ်ကျုံဒိုး အမှတ် ၂ ရပ်ကွက် အုပ်ကြီး မြင့်အောင်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article