37 C
Yangon

ကျောက်ကြီးတွင် စစ်ကောင်စီတပ်သားများ ဒရုန်းဖြင့် ၈ ကြိမ်တိုက်ခိုက်ခံရပြီး ၁၀ ဦးသေဆုံး

Must read

ကျောက်ကြီးတွင် စစ်ကောင်စီတပ်သားများ ဒရုန်းဖြင့် ၈ ကြိမ်တိုက်ခိုက်ခံရပြီး ၁၀ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁၅

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်း၌ အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ၈ ကြိမ် တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦးသေဆုံးပြီး ပျူစောထီး ၂ ဦးသေဆုံးခဲ့ကြောင်း Bago Region PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာထံသို့ ပြောကြားသည်။

ယနေ့ ဇန်နဝါရီလ ၁၅ ရက် နံနက် ၈ နာရီ မိနစ် ၅၀ ခန့်က နောင်ကုန်းရွာရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း၊ နေ့လည် ၂ နာ ရီ ၁၅ မိနစ်တွင် တစ်ကြိမ်၊ ၂ နာရီ ၄၃ မိနစ်တွင်တစ်ကြိမ် လယ်ဝိုင်းကြီးရွာသစ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ကို ထပ်မံတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“မဟာမိတ်အဖွဲ့ရဲ့ကွက်ကဲမှုနဲ့ PDF တပ်ရင်း ၃၇၀၂ ဒရုန်းတပ် ဖွဲ့က တိုက်ခဲ့တာပါ၊ ပစ်မှတ် ၄ ခုကို ဒရုန်းနဲ့ ၈ ကြိမ်တိုက်ခိုက်ခဲ့တယ်၊ မိုင်းခွဲမှု တစ်ကြိမ်လုပ်ခဲ့တယ်၊ စစ်ခွေး ၈ ကောင်၊ ပျူ ၂ ကောင် သေတယ်၊ ၄ ကောင် ဒဏ်ရာရတယ်၊ စစ်ခွေး ထောက်ပို့တံတားတစ်ခုပျက်စီးခဲ့ပါတယ်၊ စစ်ခွေး တချို့ ထိ ခိုက်သေဆုံးမှုတွေရှိနိုင်ပါသေးတယ်” ဟု Bago Region PDF မှတာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ဇန်နဝါရီ ၁၃ ရက် နံနက် ၁၀ နာရီတွင် ကျောက်ကြီး- နတ်သံ ကွင်း လမ်းမပေါ် ဘုံသတောတံတားရှိ အကြမ်းဖက်စစ်ကောင် စီတပ်ဖွဲ့ကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ ဘုံသတောတံတား ပျက် စီးကာ စစ်ကောင်စီ တပ်သား(၄)ဦးနှင့် ပျူ‌စောထီး(၂) ဦး သေ ဆုံးခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ ၁၄ ရက်နေ့တွင် ပျက်စီးသွားသည့် ဘုံသတောတံ တားကို လာရောက်ပြင်ဆင်နေသည့် အကြမ်းဖက်စစ်ကောင်စီတပ်သားများကို နံနက် ၇ နာရီ ၄၄ မိနစ်တွင် တစ်ကြိမ်၊ နံနက် ၈ နာရီတွင် တစ်ကြိမ်၊ နေ့လယ် ၁ နာရီ ၁၀ မိနစ်တွင် တစ်ကြိမ်နှင့် ညနေ ၅ နာရီ မိနစ် ၅၀ တွင် တစ်ကြိမ် ဒရုန်းဖြင့် ဗုံး ကြဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး ၄ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ဇန်နဝါရီလ ၁၄ ရက် ညနေ ၆ နာရီ ၁၅ မိနစ်တွင် အ ကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ ထောက်ပို့အဖြစ် အသုံးပြုနေသော နရွဲပင်တံတားကို PDF တပ်ရင်း ၃၇၀၂၊ မြေပြင်တပ်ဖွဲ့ တပ်ခွဲ ၁ က မိုင်းဖြင့် ဖောက်ခွဲ ဖျက်စီးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article