36 C
Yangon

ကျောက်ဆည် သိန်းငှက်ဖြူပျောက်ကြားအဖွဲ့ မြေပဲစိုက်၍ မောင်းပြန်သေနတ် ဝယ်ယူရန် ကြိုးပမ်းနေရသဖြင့် ပြည်သူများ ပါဝင်ကူညီရန် မေတ္တာရပ်ခံ

Must read

ကျောက်ဆည် သိန်းငှက်ဖြူပျောက်ကြားအဖွဲ့ မြေပဲစိုက်၍ မောင်းပြန်သေနတ် ဝယ်ယူရန် ကြိုးပမ်းနေရသဖြင့် ပြည်သူများ ပါဝင်ကူညီရန် မေတ္တာရပ်ခံ

ရန်ကုန်၊ ဇန်နဝါရီ ၈

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်မှ သိန်းငှက်ဖြူအဖွဲ့က တော်လှန်ရေး အတွက် မောင်းပြန်သေနတ် ဝယ်ယူရန် မြေပဲခင်းများ စိုက်ပျိုးထားပြီး အဆိုပါ မြေပဲများကို ရောင်းချ၍ မောင်းပြန် သေနတ်ဝယ်ယူရန် ရည်စူးထားကြောင်း အဆိုပါအဖွဲ့မှ ဗိုလ်ကျောက်ခဲက ပြောသည်။

ယနေ့ ဇန်နဝါရီ ၈ ရက်နေ့တွင် စိုက်ပျိုးထားသည့် မြေပဲများ အားလုံးနုတ်၍ ခြွေလှေ့ပြီးသွားပြီဖြစ်ကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ သိန်းဖြူအဖွဲ့မှ ဗိုလ်ကျောက်ခဲက ပြောကြားသည်။

“မြေပဲအရေအတွက်နဲ့ မောင်းပြန်ဝယ်ဖို့ မလုံလောက်ဘူးဗျ။ မြေပဲအရေ အတွက်နဲ့ မောင်းပြန်ဝယ်ဖို့ ဘတ်ဂျက်မလုံလောက်တဲ့အတွက် မိဘပြည်သူ တွေ ကူညီပေးကြဖို့ တင်ပြချင်ပါတယ် ခင်ဗျ” ဟု ဗိုလ်ကျောက်ခဲက ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

လက်ရှိအချိန်တွင် သိန်းငှက်ဖြူ ပျောက်ကြားတပ်ဖွဲ့တွင် မောင်းပြန် အော်တို သေနတ် တစ်လက်ပင် မရှိသေးသည့် အတွက် မြေပဲများ စိုက်၍ မောင်းပြန် အော်တိုသေနတ် ဝယ်ရန် ကြိုးစားကြခြင်းဖြစ်ကြောင်း၊ ပါဝင်လှူဒါန်းလိုသူ ပြည်သူများ သိန်းငှက်ဖြူ ပျောက်ကြားတပ်ဖွဲ့၏ Facebook ပေ့ဖြစ်သည့် https://www.facebook.com/profile.php?id=100088898455536 သို့ သိန်းငှက်ဖြူ ပျောက်ကြား တပ်ဖွဲ့က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article