28 C
Yangon

ခင်ဦးမြို့နယ် အလယ်လျှိုရွာမှ ပြည်သူ ၉ ဦးကို စစ်တပ်က ရက်ရက်စက်စက် သတ်ဖြတ်

Must read

ခင်ဦးမြို့နယ် အလယ်လျှိုရွာမှ ပြည်သူ ၉ ဦးကို စစ်တပ်က ရက်ရက်စက်စက် သတ်ဖြတ်

ရန်ကုန်၊ ဇန်နဝါရီ ၄

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ၊ အလယ်လျှိုကျေးရွာမှ ပြည်သူ ၉ ဦးကို စစ်တပ် က ရက်စက်စွာ သတ်ဖြတ်ထားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ဒီဇင်ဘာ ၂၈ ရက်နေ့မှ ဇန်နဝါရီလ ၂ ရက်နေ့အထိ အကြမ်းဖက်စစ်တပ်သည် အလယ်လျှိုရွာတွင် တပ်စခန်းချထားခဲ့ပြီး ယင်း တပ်စခန်းချထားစဉ် ပြည်သူ ၉ ဦးကို ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ သတ် ဖြတ် ခံရသူများမှာ –

၁-ဦးချစ်ခင် (၆၅ နှစ်)

၂- ကိုအောင်ကို (၃၅ နှစ်)

၃- ကိုဆန်းနိုင် (၂၁ နှစ်)

၄- နေမျိုးအောင် (၁၇ နှစ်)

၅- ဦးထွန်းမင်း (၄၈ နှစ်)

၆-ကိုကျော်စိုးအောင် (၄၃ နှစ်)

၇-ဒေါ်ဝင်းဌေး (၄၅ နှစ်)

၈-ဒေါ်ချောပို (၄၈ နှစ်)

၉-ကိုအောင်မြင့်သန်း (၃၈ နှစ်) တို့ ဖြစ်ကြကြောင်း သိရှိရသည်။

အဆိုပါ ပစ်သတ်ခံရသည့် ပြည်သူများထဲတွင် တစ်မိသားစုထဲမှ ညီအစ်ကို ၃ ဦး လုံး ပစ်သတ်ခံခဲ့ရပြီး အခြား မိသားစုမှ မောင်နှမ ၂ဦးကိုလည်း ပစ် သတ် ခံရ၍ သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

“မနက်မလင်းခင် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက် စီး နင်း တာ ဖြစ်တဲ့အတွက်ကြောင့် အများစုက ပြေးရင်းလွှားရင်း ပစ်ခံရပြီး အချို့ ကတော့ ဖမ်ဆီးနှိပ်စက်သတ်ဖြတ်ခံရတာပါ”ဟု ဒေသပြည်သူတစ်ဦးက ရန် ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အလယ်လျှိုရွာတွင် စစ်တပ်က တပ်စွဲနေစဉ်အတွင်း ပြည်သူများကို ဖမ်းဆီး၍ ပစ်သတ်ခြင်း၊ မီးရှို့၍ အလောင်းဖျောက်ခြင်း၊ ကျေးရွာအနီး တိမ်းရှောင် နေ သည့် စစ်ဘေးရှောင် ပြည်သူများကို ၆၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ် ခြင်းတို့ လုပ်ဆောင်ခဲ့ပြီး ကာကွယ်ရေးတပ်ပေါင်းစု၏ တိုက်ခိုက်မှုကို ကျေးရွာရှိ နေအိမ်များကို မီးရှို့၍ သတ်ကွင်း (မီးလောင်ပြင်) အဖြစ် ဖော်ဆောင်ခြင်းတို့ လုပ်ဆောင်ခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

စစ်တပ်က ပြည်သူများကို သတ်ဖြတ်မှုတွင် မီးလောင်ထားသည့် ရုပ်အလောင်း တစ်ခု၊ နှိပ်စက် ပစ်သတ်ထားသည့် လူကြီးပိုင်း ရုပ်အလောင်းတို့ပါလည်း ပါဝင် ပြီး လူကြီးပိုင်း ရုပ်အလောင်းကိုမူ မိုးကာဖြင့် လိပ်၍ ဖျာအုပ်ကာ ကျင်းတစ်ခု အတွင်း ပစ်ထည့် မြေဖုံး၍ အလောင်းဖျောက်ခြင်းတို့ လုပ်ဆောင်ခဲ့ကြောင်း ၊ နယ် မြေရှင်းလင်းရေးအဖွဲ့များမှ မသင်္ကာ၍ တူးဖော်ကြည့်ရာမှာ တွေ့ရှိခဲ့ ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article