36 C
Yangon

ချင်းတွင်းမြစ်အတွင်း စစ်တပ်၏ ကျောက်စုပ်စက်လှေကို PDF တပ်ဖွဲ့များ တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံး

Must read

ချင်းတွင်းမြစ်အတွင်း စစ်တပ်၏ ကျောက်စုပ်စက်လှေကို PDF တပ်ဖွဲ့များ တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁၁

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ချင်းတွင်းမြစ်အတွင်းတွင် အကြမ်းဖက်စစ်ကောင်စီ၏ ကျောက်စုပ်စက်လှေ တစ်စီးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း Chindwin Attack Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇန်နဝါရီလ ၁၀ ရက် ညနေ ၆ နာရီခန့်စတင်ပြီး မြစ်ကြောင်းတလျှောက်ရှိကျေးရွာများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ကာ အမြင့်ကျေးရွာဘက်မှ မုံရွာမြို့ဘက်သို့ ဆန်တက် လာသော အကြမ်းဖစ်စစ်ကောင်စီတပ်သားများ လိုက်ပါလာသည့် ကျောက်စုပ်စက်လှေကို ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေ ဆုံးပြီး ၁ ဦးအပြင်းအထန်ဒဏ်ရာရရှိကာ ၈ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

“ပေါင်းဝကို လူချပြီး အမြင့်အထိသွားတဲ့စက်လှေ၊ အမြင့်ဘက်ကနေ မုံရွာကို ပြန်လာတာ၊ မုံရွာမရောက် ခင် လျှပ်စစ်တာဝါတိုင်နားမှာ တိုက်ခိုက်ခဲ့တာ၊ စာထုတ်တာထက် ခွေးကောင်တွေ ပိုသေနိုင်တယ်၊ စာ ထုတ်တာက မျက်မြင်ပဲ သတင်းထုတ်ပြန်တာ၊ မုံရွာဆိပ်ကမ်းကနေ နာရေးကား ၄ ၊ ၅ စီးလောက်စောင့် ပြီး တင်သွားတာလို့ သိရတယ်” ဟု Chindwin Attack Force မှ တာဝန်ရှိသူတစ်ဦး ရန်ကုန်ခေတ်သစ် သတင်းဌာနကို ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း ၄ ၊ အထူးကွန်မန်ဒိုတပ်ဖွဲ့ (Monywa The Boys) ၊ မုံရွာခရိုင်တပ်ရင်း ၄ တပ်ခွဲ ၄ (5/ Teacher People Defence Force PDF) ၊ မုံရွာခရိုင် တပ်ရင်း ၁၃ (Aung San Generation Monywa) ၊ 5/UG Task Force (မြေအောက်တော်လှန်ရေးအဖွဲ့)နှင့် Fight For Freedom(F3) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article