28 C
Yangon

ချင်းပြည်နယ်၊ စစ်ကိုင်းနှင့် ပဲခူးတိုင်းတို့တွင် တိုက်ပွဲများဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၁၂ ဦးသေဆုံး၊ သန်းခေါင်စာရင်းကောက်နေသည့် စစ်ကောင်စီအဖွဲ့များကို ဆက်တိုက် တိုက်ခိုက်မှုများဖြစ်ပွား

Must read

ချင်းပြည်နယ်၊ စစ်ကိုင်းနှင့် ပဲခူးတိုင်းတို့တွင် တိုက်ပွဲများဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၁၂ ဦးသေဆုံး၊ သန်းခေါင်စာရင်းကောက်နေသည့် စစ်ကောင်စီအဖွဲ့များကို ဆက်တိုက် တိုက်ခိုက်မှုများဖြစ်ပွား

ရန်ကုန်၊ ဇန်နဝါရီ ၁၅

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မြင်မူမြို့နယ်နှင့် ပဲခူးတိုင်းအုတ်ဖိုမြို့နယ် တို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ၁၂ ဦးသေဆုံးခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

မတူပီမြို့နယ်၊ ငလိုင်ကျေးရွာအနီးတိုက်ပွဲတွင် စစ်သား ၁ ဦးသေဆုံး

=====================================

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ မတူပီ-ဟားခါးလမ်းပေါ်ရှိ ငလိုင်ကျေးရွာအနီးတိုက်ပွဲတွင် အကြမ်းဖက် စစ်သားတစ်ဦးသေဆုံးပြီး CDF Matupi မှ ရဲဘော်တစ်ဦး အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေကြောင်း CDF Matupi ထံမှ သိရသည်။

ယနေ့ ဇန်နဝါရီလ ၁၅ ရက် နံနက် ၉ နာရီခန့်အချိန် အင်အား ၁၀၀ ခန့်ဖြင့် ငလိုင်ကျေးရွာသို့ စစ်ကြောင်း ထိုးဝင်ရောက်လာသော အကြမ်းဖက်စစ်တပ်ကို CDF Matupi က ခုခံတိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ စစ်တပ်က ငလိုင်ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲနေရာယူထားကာ လက် နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း သိရသည်။

“ကျနော်တို့ရဲ့ ရှေ့တန်းစခန်းတစ်ခုကို စစ်တပ် ဘက်နေ အင်အား အလုံးအရင်နဲ့ ဝင်တိုက်တာ၊ ဖုန်းလိုင်း အကုန်လုံးလည်း ဖြတ်ခံထားရတယ်၊ အခုညပိုင်းအထိ စစ်တပ်ဘက်က လက်နက်ကြီးတွေ ရမ်းသမ်းပစ် ခတ်နေတုန်းပဲ” ဟု CDF Matupi မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

မတူပီမြို့နယ်တွင် တယ်လီဖုန်းလိုင်းများဖြတ်တောက်ခံထားရသည့်အတွက် အချိန်နှင့်တပြေးညီ သတင်းအချက်အလက် ချပြနိုင်ခဲ့ခြင်း မရှိကြောင်း၊ မတူပီ-ဟားခါးလမ်းမပေါ်တွင် အချိန်မရွေး တိုက်ပွဲများ ဆက်လက်ဖြစ်ပေါ်လာနိုင်ကြောင်း CDF Matupi ကထုတ်ပြန်ထားသည်။

မြင်းမူမြို့နယ်၊ စစ်သားများကို တိုက်ခိုက်မှု ၃ ဦးသေဆုံး

================================

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ အလ္လကပ္ပကျေးရွာ၊ မြောင်လမ်းခွဲရှိ အကြမ်းဖက် စစ်ကောင်စီ၏ အထိုင်ချ တပ်စခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း People’s Army to Fight Dictatorship – PADF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြော ကြားသည်။

ယမန်နေ့ ဇန်နဝါရီလ ၁၄ ရက် ညနေ ၃ နာရီ ၃၈ မိနစ်အချိန်တွင် အင်အား ၇၀ ခန့်ဖြင့် တပ်စွဲထား သော အကြမ်းဖက်စစ်သားများကို ၆၀ မမ လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ်မှလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း၊ အကြမ်း ဖက်စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“အတိအကျ ၃ ကောင်သေတယ်၊ သူတို့တပ်စွဲထားတဲ့ နေရာဝန်းထဲမှာပဲ မြုပ်ပစ်လိုက်တာလို့ သတင်းရ တယ်၊ သူတို့ အယူတွေ ဘာတွေ မထားတော့ဘူး၊ ဘေးကိုသတင်း မပေါက်ရင်ပြီးတာပဲ ကြုံသလို မြှုပ် ပစ်လိုက်တာ၊ ခွေး သေဝက်သေတွေလိုပေါ့၊” ဟု People’s Army to Fight Dictatorship – PADF မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အဆိုပါပစ်ခတ်တိုက်ခိုက်မှုကို People’s Army to Fight Dictatorship-PADF)၊ တပ်ခွဲ DK PDF (MMU)၊ Nway Of Takhon PDF ၊ Zarmini Revolution Force Myinmu /Myaung ၊ People’s Khight Defense Force Myinmu(PKDF.MMU) ၊ Taung Tha People Defense Force (TTAPDF) ၊ DBBF MMU မဟာ မိတ်အဖွဲ့များပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက် မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့သော်လည်း ဒရုန်းတစ်စီးပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံရွာတိုက်ပွဲ စစ်သား၊ ပျူစောထီး ၈ ဦးသေဆုံး

======================================

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံရွာရှိ အကြမ်းဖက်စစ်သား၊ ပျူစောထီးများကိုဝင်ရောက် တိုက် ခိုက်ရာ အကြမ်းဖက်စစ်သား ပျူစောထီး ၈ ဦးသေဆုံး ခဲ့ ကြောင်း စစ်ကိုင်းခရိုင် တပ်ရင်းတပ် ၁ တပ် ရင်းမှူး ဗိုလ်ယက္ခက ပြောကြား သည်။

ဇန်နဝါရီလ ၁၃ ရက်နေ့ကစစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံရွာ၌ တပ်စွဲပြီး ပြည်သူ လူထုကို ဖမ်းဆီးနှိပ်စက်၊ သတ် ဖြတ်ကာ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူနေသော အကြမ်းဖက်စစ်သား၊ ပျူစော ထီးများကို ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်သား၊ ပျူစောထီး ၈ ဦး သေဆုံးကာ ၁၀ ဦးမှာ ဒဏ်ရာများဖြင့် ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို စစ်ကိုင်းခရိုင် အမှတ် ၁ တပ်ရင်းနှင့် မဟာမိတ်များဖြစ်သော စစ်ကိုင်းခရိုင်တပ် ရင်း ၅ ၊ မန္တလေးခရိုင် တပ်ရင်း ၄ ၊ Dalta Force (တောင်သာ) ၊ BRM Mandalay ၊Generation Z Power –GZP (Maldalay) ၊ ဒီမိုပေါက်ကွဲ(စစ်ကိုင်း)တို့ပူပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အုတ်ဖိုတွင် စစ်ကြောင်းကို မိုင်းဆွဲမှု စစ်သား ၂ ဦးဒဏ်ရာရ

================================

ပဲခူးတိုင်း၊ သာယာဝတီခရိုင် အုတ်ဖိုမြို့နယ်၊ ချောင်းစောက်ရွာနှင့်ပင်အိုင်ရွာကြားရှိ စစ်ဖက်ဆိုင်ရာဆက် သွယ်ရေးကြိုးကို ဖြတ်တောက်ပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စခန်းမှူးအပါအဝင် စစ်သား ၂ ဦးထိခိုက်ဒဏ် ရာ ရရှိခဲ့ကြောင်း Bago Region PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ဇန်နဝါရီလ ၁၃ ရက် ည ၈ နာရီခန့်အချိန် အုတ်ဖိုမြို့နယ်၊ ချောင်းစောက်ရွာနှင့်ညောင်ပင်အိုင် ရွာကြားရှိ ညောင်ပင်အိုင်တံတားအောက်မှ စစ်ဖက်ဆိုင်ရာဆက်သွယ်ရေးကြိုးကို ဖြတ်တောက်ကာ မိုင်းထောင် ထားခဲ့ပြီး ဇန်နဝါရီလ ၁၄ ရက် မွန်းတည့် ၁၂ နာရီ မိနစ် ၂၀ အချိန် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ အင်အား ၃၀ ခန့်ဖြင့် လာရောက်စစ်ဆေးစဉ်မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အလယ်ကုန်းရွာက စခန်းမှူးအပါအဝင် ၂ ဦးဒဏ်ရာရရှိတယ်လို့ မြေပြင်သတင်းအရ သိရတယ်၊ထိခိုက် ဒဏ်ရာရရှိတဲ့သူတွေ ဒီထက်ပိုများနိုင်ပါတယ်၊ အတည်ပြုနေတုန်းမို့ပါ၊ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အထိ အခိုက်မရှိပါဘူး” ဟု Bago Region PDF မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂ ၊ တပ်ခွဲ ၄ အဖွဲ့မှ လုပ်ဆောင်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

အလားတူ ဇန်နဝါရီ ၁၄ ရက် ည ၈ နာရီခန့်က တရားမဝင်အတုအယောင်ရွေးကောက်ပွဲကျင်းပရန် လူဦးရေစာရင်းကောက်နေသော အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ကြို့ပင်ကောက်မြို့နယ်၊ ရွာမတောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနှင့် စစ်မှုထမ်းဟောင်းရုံးတို့အား သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၁ ၊ တပ်ခွဲ ၅ (မိုးကြိုးအဖွဲ့)မှ အကြီးစားမိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကြောင့် အဆောက်အဦနှင့် ရုံးအတွင်းရှိ ပစ္စည်းများ ထိခိုက်ပျက်စီးမှုရှိခဲ့ပြီး အသေးစိတ် ဆက်လက် အတည်ပြုလျက်ရှိကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အားလုံး အထိအခိုက်မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း Bago Region PDF ထံမှ သိရသည်။

ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article