28 C
Yangon

ချောက်မြို့မှ သူဌေး ဦးဟာကင်းမ် နှင့် ဝန်ထမ်း ၂ ဦးကို စစ်တပ်က သတ် ဖြတ်ပြီး ငွေ​ကျပ် သိန်း ၁၅၀၀ လုယူ၊ ခင်ဦးမြို့နယ်တွင် ပြည်သူ ကိုပေါက်စီ ကို စစ်တပ်က အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်

Must read

ချောက်မြို့မှ သူဌေး ဦးဟာကင်းမ် နှင့် ဝန်ထမ်း ၂ ဦးကို စစ်တပ်က သတ် ဖြတ်ပြီး ငွေ​ကျပ် သိန်း ၁၅၀၀ လုယူ၊ ခင်ဦးမြို့နယ်တွင် ပြည်သူ ကိုပေါက်စီ ကို စစ်တပ်က အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်

ရန်ကုန်၊ ဇန်နဝါရီ ၂၇

မ​ကွေးတိုင်း၊ ချောက်မြို့မှ သူဌေး ဦးဟာကင်းမ် နှင့် ဝန်ထမ်း ၂ ဦးကို စစ် တပ်က သတ်ဖြတ်ပြီး ငွေ​ကျပ် သိန်း ၁၅၀၀ ယူဆောင် သွား ကာ အလောင်း များကို နေ့ချင်း သဂြိုလ်ခိုင်းကြောင်း‌ အသတ်ခံရသူများနှင့် နီးစပ်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ချောက်မြို့နယ်မှ ပခုက္ကူမြို့နယ်သို့ သွားရောက် သည့် ဦးဟာကင်းမ်၊ ယာဉ်မောင်း ဦးမြင့်ဌေး အပါအဝင် လူ ၃ ဦးသည် အကြမ်း ဖက် စစ်တပ်က လုံခြုံရေးယူထားရာ ပခုက္ကူမြို့နယ်ရှိ ရထားသံလမ်းတွင် ဖမ်း ဆီး သတ်ဖြတ်ခဲ့ကြောင်း၊ ထို့နောက် ၎င်းတို့နှင့် အတူ ပါလာသည့် ငွေ​ကျပ် သိန်း ၁၅၀၀ ကိုလည်း စစ်တပ်က ယူဆောင်သွားကြောင်းသိရသည်။

ထို ဖမ်းဆီး သတ်ဖြတ်ခံရသူများမှာ ယာဥ်မောင်းသူ ဦးမြင့်ဌေး၊ ဦးဟာကင်းမ်နှင့် အမည်မသိ ၁ ဦးတို့ဖြစ်ကြောင်း၊ ထို့ပြင် ၎င်းတို့ ၃ ဦးနှင့် အတူ လိုက်ပါလာသော ဦးအာသန်းဆိုသူနှင့် ၎င်းတို့ စီးနင်းလာသည့် ကားလည်း လက်ရှိချိန်ထိ ပျောက် ဆုံး လျက်ရှိကြောင်း သိရှိရသည်။

” ဦးဟာကင်းမ်နဲ့ အမည်မသိသူ တစ်ဦးက သေနတ် ဒဏ်ရာ လည်လှီးဒဏ်ရာ တွေနဲ့ သတ်ခံထားရတယ်လို့ သိထားရတယ်။ ဦးမြင့်ဌေးကတော့ ဘယ်လို သေဆုံး လဲ မသိဘူး။ စစ်တပ်က မိသားစုကို အလောင်း ပြန်ပေးတယ်လို့တော့ သိရတယ်။ ဒါပေမယ့် ဘယ်သူမှ သွားကြည့်လို့မရ ဘယ်သူမှလည်း မသွားရဲ တော့ အသေးစိတ် အခြေအနေကို အတည်ပြုနိုင်ဖို့ခက်နေတယ်။ ဦးဟာကင်းမ် တို့ကို စစ်တပ်က သတ်တယ်ဆိုတာ အတည်ပြုနိုင်တယ်။ ပျူစောထီးတွေ လည်း ပါ တယ်လို့ သိရတယ်။ ပျူစောထီးတွေက သတင်းပေးတာဖြစ်နိုင်တယ်။ သူတို့ နဲ့ အတူပါသွားတဲ့ ငွေကြေး သိန်း ၁၅၀၀ ကျပ်လည်း စစ်တပ်က ယူသွား တယ်လို့ သိရတယ်။ အရေအတွက် အတိအကျ မသိရသေးဘူး။ သိန်း ၁၅၀၀ ကျပ် ထက် ပိုနိုင်တယ်။ သူတို့ငွေတွေနဲ့ ပခုက္ကူသွားမယ်ဆိုတာ စစ်တပ်က ကြိုသိ လို့ စောင့်ပြီးသတ်တာလည်းဖြစ်နိုင်တယ်။ ဖြစ်စဥ် အတိအကျကိုတော့ အတည်မပြုနိုင်သေးဘူး။ စစ်တပ်က ရုပ်အလောင်းတွေကို ချက်ချင်း သုဿာန် ကို ပို့ပြီး မိသားစုဝင်တွေကို နေ့ချင်း သဂြိုလ်ခိုင်းတယ်လို့သိရတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

အကြမ်းဖက် စစ်တပ် သတ်ဖြတ်ခဲ့သော ဦးဟာကင်းမ်သည် ချောက်မြို့နယ် တွင် ငွေကြေး ချမ်းသာသူ ဖြစ်ပြီး စက်ဘီး၊ ကား၊ စက်ပစ္စည်း ရောင်းဝယ်ရေး၊ အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေး၊ အမဲ၊ ဆိတ် လေလံ ရောင်းဝယ်ရေးနှင့် လုပ်ငန်း အများအပြား လုပ်ကိုင်သူဖြစ်ကြောင်း၊ ချောက်မြို့နယ် စျေးပိုင်းအရပ် တွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။

ချောက်မြို့နယ် သုဿန်တွင် ဦးဟာကင်းမ်၊ ဦးမြင့်ဌေးနှင့် အမည်မသိသူ တစ်ဦ၏ ရုပ်အလောင်းများကို ဇန်နဝါရီ ၂၆ ရက်နေ့ ညနေပိုင်းတွင် အကြမ်းဖက် စစ်တပ်က မိသားစုဝင်များကို အကြောင်းကြားပြီး မြေမြှုပ် သဂြိုလ်လိုက်ကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်၊ ခင်မွန်ရွာမှ အသက် ၃၀ နှစ်အရွယ် ကိုပေါက်စီကို စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း သိရှိရ သည်။

ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ကိုပေါက်စီကို စစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်း ဖြစ်ပြီး အသက် ၃၀ နှစ်ကို အကြောင်းမဲ့ ပစ်သတ်ခြင်းဖြစ်ပြီး ဇန်နဝါရီ ၂၆ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် အလောင်းကို သဂြိုလ်ခဲ့ကြောင်း သိရှိရသည်။

“မနေ့ မနက် ၉ နာရီခန့် ကိုပေါက်စီ အလောင်းကို ခင်မွန်ကျေးရွာမှာ မီး သင်္ဂြိုလ် လို့ မရတဲ့အခြေအနေကြောင့် ရွာထဲက အလောင်း ကိုရအောင်ထုတ်ပြီး အဆင်ပြေတဲ့နေရာမှာ မီးသင်္ဂြိုလ်ပေးလိုက်ရတယ်။ စစ်ကြောင်းနဲ့တိုးပြီး ပစ်သတ်ခံရတာထင်ပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- စစ်တပ်က ပစ်ခတ်သတ်ဖြတ်သွားသော ကိုပေါက်စီ၏ အလောင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article