37 C
Yangon

ငါန်းဇွန်မြို့နယ်၊ ဂျပနကျွန်းရွာကို စစ်တပ် မီးရှို့မှု နေအိမ် ၅၀ ကျော်ပြာကျ

Must read

ငါန်းဇွန်မြို့နယ်၊ ဂျပနကျွန်းရွာကို စစ်တပ် မီးရှို့မှု နေအိမ် ၅၀ ကျော်ပြာကျ

ရန်ကုန်၊ ဇန်နဝါရီ ၁၇

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ဂျပနကျွန်းရွာကို အကြမ်းဖက် စစ်တပ် မီးရှို့ ဖျက်ဆီးမှု နေအိမ် ၅၀ ကျော်ပြာကျခဲ့ကြောင်း ပြည်ကြီးတံခွန် ဆရာတော်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက်အစောပိုင်း ၄ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က ငါန်းဇွန်မြို့နယ်၊ ဂျပနကျွန်းရွာကို ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကာ နေအိမ် ၅၀ ကျော် မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။

“ဒီနေ့ နံနက် ၄ နာရီဝန်းကျင်မှာ အိမ်ခြေ ၁၀၀ ကျော်လောက်ရှိတဲ့ ဂျပနကျွန်းရွာကို စစ်ခွေးတွေ သေနတ် ပစ်ဖောက် စီးနင်းပြီး မီးရှို့ဖျက်ဆီးသွားတယ်။ နေအိမ် ၅၀ ကျော်လောက်တော့ ပြာကျသွားတယ်” ဟု ပြည်ကြီးတံခွန် ဆရာတော်က ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးရွာအတွင်းမှ ပြန်လည် ထွက်ခွာသွားပြီးနောက် ပြည်သူပိုင် နွားလှည်း ၄ စီးဖြင့် ပြည်သူပိုင် ပစ္စည်းများကို ယူဆောင်သွားပြီး နွားတချို့ကိုလည်း ယူဆောင်သွားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article