29 C
Yangon

စစ်ကိုင်းနှင့် မကွေးတွင် စစ်ကြောင်းနှင့် ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး

Must read

စစ်ကိုင်းနှင့် မကွေးတွင် စစ်ကြောင်းနှင့် ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၂၃

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်၊ စစ်ကိုင်းမြို့နယ်နှင့် မကွေးတိုင်း ပခုက္ကူ မြို့နယ် တို့တွင် စစ်ကြောင်း နှင့် ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခံရပြီး စစ်သား ၆ ဦး သေဆုံးခဲ့ကြောင်း ဒေသခံကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။

ခင်ဦးတွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး

=====================================

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း ခင်ဦး KSO အဖွဲ့ထံမှ သိရသည်။

ဇန်နဝါရီလ ၂၃ ရက် နံနက် ၇ နာရီ ၃၀ မိနစ်တွင် ခင်ဦးမြို့နယ် အနောက်ခြမ်း အင်းပတ်ကွေ့ဈေးတန်းတွင် အထိုင်ချ တပ်စွဲထားသော စစ်တပ်မှ စစ်သား ၁၅ ဦး သည် အင်းပတ်ကွေ့ တောင်ဘက် ကြက်ခြံသို့ ခြေလျင် တက်လာစဥ် Khin U Special Force Organization_KSO တပ်ဖွဲ့က ပဒေသာ မိုင်း ၃ လုံးတွဲဖြင့် စောင့်ကြို ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၅ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ ၃ ဦးခန့် အပြင်း အထန် ဒဏ်ရာရရှိခဲ့ပြီး ရေဦးဆေးရုံအရောက်တွင် ထပ်မံ သေ ဆုံး သူများရှိ​ကြောင်း သိရသည်။

ပခုက္ကူ-ပေါက် လမ်းပိုင်းတွင် စစ်ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု ၁ ဦးသေ ဆုံး

========================================

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူ-ပေါက် လမ်းပိုင်းတွင် စစ်ယာဥ် တန်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း PPDF တပ်ဖွဲ့ထံမှ သိရှိရ သည်။

ဇန်နဝါရီလ ၂၀ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ပခုက္ကူ-ပေါက် လမ်းပိုင်းရှိ ဂျိုး ပျံ ကျေးရွာအနီး၌ အကြမ်းဖက် စစ်တပ် ယဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ် သား ၁ ဦး သေဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Pakokku People Defense Force – PPDF တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

စစ်ကိုင်း၊ သုံ့လင့်ရွာကို မီးရှို့နေသော စစ်ကြောင်းကို ပစ်ခတ်တိုက်ခိုက်

======================================

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ သုံ့လင့်ရွာကို မီးရှို့နေသော စစ်သားများကို PDF တပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တိုက်နယ်စွန် (စွန်) PDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက် ၈ နာရီ ၅၇ မိနစ်တွင် သုံ့လင့်ရွာကို မီးရှို့ပြီး ထွက် လာသည့် အကြမ်းဖက် စစ်တပ်မှ စစ်သားများကို တိုက်နယ်စွန် (စွန်) အဖွဲ့ PDF မှ ၆၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား များ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article