29 C
Yangon

စစ်ကိုင်းနှင့် မန္တလေးတိုင်းတို့တွင် စစ်ကြောင်းများ တိုက်ခိုက်ခံရပြီး စစ်သား ၆ ဦး သေဆုံးကာ PDF ၂ ဦးကျဆုံး၊ ပြည်သူ ၃ ဦးကို စစ်တပ်က သတ်ဖြတ်ခဲ့

Must read

စစ်ကိုင်းနှင့် မန္တလေးတိုင်းတို့တွင် စစ်ကြောင်းများ တိုက်ခိုက်ခံရပြီး စစ်သား ၆ ဦး သေဆုံးကာ PDF ၂ ဦးကျဆုံး၊ ပြည်သူ ၃ ဦးကို စစ်တပ်က သတ်ဖြတ်ခဲ့

ရန်ကုန်၊ ဇန်နဝါရီ ၂၁

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မင်းကင်းမြို့နယ်နှင့် မန္တ လေးတိုင်း၊ သပိတ် ကျင်း မြို့နယ်တို့တွင် စစ်ကြောင်းများ တိုက်ခိုက်ခံရပြီး စစ်သား ၆ ဦးသေ ဆုံးကာ PDF ၂ ဦး ကျဆုံးကြောင်း၊ စစ်တပ်ကဓားစာခံ ပြည်သူ ၃ ဦးကို ဖမ်း ဆီး၍ ရက်ရက်စက် စက် သတ်ဖြတ်ခဲ့ကြောင်း ဒေသကာ ကွယ်ရေးတပ်ဖွဲ့ များ ထံမှ သိရသည်။

အင်းတော်တိုက်ပွဲတွင် စစ်သား ၁ ဦးသေဆုံးပြီး PDF ၁ ဦး ကျဆုံးကာ ပြည်သူ ၃ ကို စစ်တပ်က သတ်ဖြတ်

===========================================

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ ကြိမ်ချောင်းရွာနှင့် သစ်ပုံလွင် ရွာ အကြားတွင် တိုက်ပွဲဖြစ်ပြီး အကြမ်းဖက် စစ် သား ၁ ဦးသေဆုံးကာ PDF ၁ ဦး ကျဆုံးခဲ့ပြီး အကြမ်းဖက်စစ် တပ်က ဓားစာခံ ပြည်သူ ၃ ဦး ကို ရက်ရက် စက်စက် သတ်ဖြတ်ခဲ့ကြောင်း Indaw Revolution –IR မှ တာဝန် ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇန်နဝါရီလ ၂၀ ရက်နေ့ အင်အား ၁၃၀ ခန့်ဖြင့် ထီးချိုင့်မှ ချီတက်လာသော စစ်တပ် စစ်ကြောင်းက ထီးချိုင့်မြို့နယ်၊ လယ်မှီးရွာမှ ပြည်သူများကို ဓားစာခံ အဖြစ် ဖမ်းဆီးကာ အင်းတော်မြို့နယ်အတွင်း ဝင်ရောက်လာကြောင်း၊ ကြိမ် ချောင်း ရွာနှင့် သစ်ပုံလွင်ရွာ အကြား အရောက် KIA ၊ PDF၊ ပကဖ ပူး ပေါင်း အဖွဲ့တို့က စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“စစ်ခွေးတွေက အခုဆိုရင် ကမ်းနီရွာ နားကို ရောက်နေပြီ။ တိုက်ပွဲမှာ သေသွား တဲ့ စစ်ခွေးတစ်ကောင်ကို သစ်ပုံလွင်ရွာ သင်္ချိုင်းမှာ မြေမြုပ်ထားခဲ့တာ၊ ပြည်သူ့ ကွယ်ကွယ်ရေး PDF ရဲဘော် တစ်ဦး ကျဆုံးတယ်၊ ၂ ဦး ထိခိုက် ဒဏ်ရာရတယ်၊ ဒဏ်ရာရတဲ့ နှစ်ယောက်က မစိုးရိမ်ရပါဘူး၊ ကျဆုံးတဲ့ ရဲဘော်က ပကဖအဖွဲ့ က အသက်၂၀ အရွယ် ရဲဘော် တစ်ဦးပါ။” ဟု Indaw Revolution –IR မှ တာဝန် ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောဆိုသည်။

အဆိုပါ တိုက်ပွဲဖြစ်ပြီးနောက် အကြမ်းဖက်စစ်တပ်က ဓားစာခံ ဖမ်းဆီး လာ သော အသက် ၃၅ နှစ်အရွယ် ကိုရဲဝင်းအောင်၊ ကိုညိုအေး နှင့်အသက် ၄၀ နှစ်အရွယ် ကိုစန်းဝေ တို့ကို ရက်ရက် စက်စက်သတ်ဖြတ်ပြီး ရုပ်အလောင်း များကို ဥသျှစ် ကုန်း ရွာ အနီးရှိ တောထဲတွင် ပစ်ထားခဲ့ကြောင်း၊ စစ်ရာဇဝတ် မှု ကျူးလွန်သော စစ်ကြောင်းမှာ တပ်မ ၈၈ လက်အောက်ခံ ခမရ ၃၀၁ နှင့် ခလရ ၄၁၆ တပ်ရင်းတို့ ဖြစ်ကြောင်း သိရသည်။

မင်းကင်း၊ ဆင်အိုင်မ(ပျူစောထီး)ရွာကို စီးနင်းတိုက်ခိုက်မှု ပျူစောထီး ၅ ဦးသေဆုံးပြီး PDF ၁ ဦး ကျဆုံး

===========================================

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ဆင်အိုင်မ(ပျူစောထီး) ကျေးရွာရှိ စစ်တပ် စခန်း ကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ ပျူစောထီး ၅ ဦးသေဆုံးပြီး PDF တပ်ဖွဲ့ဝင် ၁ ဦးကျဆုံးခဲ့ကြောင်း မင်းကင်းနွေဦးတော် လှန်ရေးသတင်းစဉ်ထံမှ သိရှိရသည်။

ဇန်နဝါရီလ ၂၀ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန် ကလေးဝမြို့နယ်၊ အောင်ချမ်း သာ ရဲစ ခန်း မှ အကြမ်းဖက်စစ်သားများသည် ဆင်အိုင်မရွာရှိ ပျူစောထီးများ နှင့် ပူးပေါင်း ကာ တပ်ဖြန့် အထိုင်ချသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်စီးနင်းတိုက် ခိုက်ခဲ့ကြောင်း၊ ပျူစောထီး ၅ ဦး သေဆုံးပြီး မင်းကင်း မြို့ နယ် PDF တပ်ရင်း ၄ မှ ဒုတပ်စိပ်မှူး ကိုတင်ထွန်း(ခ) ဗိုလ်မုတ်ဆိတ် ကျဆုံးခဲ့ကြောင်း သိရ သည်။

“မျက်မြင် ပျူစောထီး ၅ ဦးသေပါတယ်၊ ကျနော်တို့ဘက်က ရဲဘော်တစ်ဦး ကျဆုံး တယ်၊ ပြည်သူတွေ ရဲ့အိမ်တွေကို မီးရှို့ဖျက်ဆီးတာကို စာနာ နားလည် စေဖို့ ပျူအိမ်တွေကို ရွေးပြီး မီးရှို့ဖျက်ဆီးခဲ့လိုက်တယ်”ဟု Students’ Revolutionary Force –SRF မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို မင်းကင်းမြို့နယ်၊ ကျောင်းသားတော် လှန်ရေး တပ်ဖွဲ့ (Students’ Revolutionary Force –SRF) ၊ ဒေသခံ ပကဖအဖွဲ့များ၊ မင်းကင်း မြို့နယ်၊ တပ်ရင်း ၄ – က လေးခရိုင် တပ်ရင်း ၁၄ တို့ပူး ပေါင်းကာ တိုက်ခိုက် ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

သပိတ်ကျင်းမြို့နယ်တွင် စစ်ကားများ ၂ ကြိမ်မိုင်းဆွဲတိုက် ခိုက်ခံရ

=====================================

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းတိုက်နယ်၊ ၄ မိုင်ကျေးရွာ အနီးတွင် အကြမ်းဖက်စစ်ကား ၃ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက် သေဆုံးမှုများပြီး နာရေးကား ၃ စီး ဖြင့် သယ်ဆောင်သွားကြောင်း တကောင်း PDF မှာ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ပြောကြား သည်။

ယနေ့ ဇန်နဝါရီလ ၂၁ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က တကောင်းတိုက်နယ်၊ ၄ မိုင်‌ ကျေးရွာအနီး ပီလော ပစ်‌ ဘုန်းကြီးကျောင်း ၌ အင်အား ၈၀ ခန့်ဖြင့် အထိုင်ချ တပ်စွဲ ထားသော စစ်သားများအနက် အင်အား ၄၀ ခန့်သည် 4 Wheels ကား ၃ စီးဖြင့် ထွက်ခွာလာစဉ် တကောင်း PDF တပ်ဖွဲ့မှ ရှေ့ထွက်မိုင်း ၁ လုံး၊ ပဒေသာ မိုင်း ၁ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား အများ အပြား ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး နာရေးကား ၃ စီးဖြင့် သယ်ဆောင်သွား ခြင်းဖြစ် ကြောင်း သိရသည်။

“ဘုန်းကြီးကျောင်းအထွက်လေးမှာပဲ မိုင်းဆွဲခဲ့တာ၊ တကောင်းမြို့ထဲကနေ နာရေးကား ၃ စီးထွက်လာ ပြီး ချက်ချင်းပဲ သေ ဆုံး၊ ထိခိုက်ဒဏ် ရာရတဲ့ စစ်ခွေးတွေကို တင်တာ၊ ဘယ်သူမှအနား အကပ်မခံဘူး၊ ဘေးနားမှာလည်း စစ်ခွေးတွေဝိုင်းထားတာ၊ မိုင်းဆွဲတဲ့လမ်းမ အပေါ်ထိပ်၊ အောက်ထိပ်အကုန် ပိတ်ပစ်တာ၊ ဘယ်သူမှ အနားကပ်မရတော့ ဘယ်လောက်သေတယ်ဆိုတာ မသိရဘူး” ဟု တကောင်း PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောဆိုသည်။

မိုင်းဆွဲတိုက်ခိုက်ပြီးနောက် တကောင်းမြို့မှ စစ်ကူထွက်လာသော ကားပေါ်မှ စစ်သားများသည် ၃ မိုင်ကျေးရွာ အရောက် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ထိုသို့ ပစ်ခတ်မှု ကြောင့် သပိတ်ကျင်းမြို့နယ်၊ ကြံ့ခိုင်ရေးလွှတ်တော် ကိုယ်စား လှယ်ပိုင် သစ်စက်အတွင်းမှ အလုပ်သမား ၃ ဦးထိမှန်ဒဏ်ရာရရှိခဲ့​ပြီး ၁ဦးမှာ စိုးရိမ်ရကြောင်း သိရသည်။

အလားတူ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဆယ်ဇင်းကုန်းရွာနှင့် မင်းကုန်း ကျေးရွာ အကြားတွင် စစ်ကား ၃ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သပိတ် ကျင်း မြို့နယ် ပကဖ အဖွဲ့မှ ဗိုလ်စိုးကြီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။

ယနေ့ ဇန်နဝါရီလ ၂၁ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်တွင် ထီးချိုင်မြို့နယ်မှ သပိတ်ကျင်းမြို့နယ်ထဲသို့ ဆင်လားသော အ ကြမ်း ဖက်စစ်ကား ၃ စီးကို သ ပိတ် ကျင်းမြို့နယ် ပကဖ၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့-ကြာညှပ်က ရှေ့ ထွက် မိုင်း ၆ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သားများ ထိ ခိုက် မှု ရှိသော်လည်း အရေအတွက် အတည်မပြုနိုင်သေးကြောင်း သိရသည်။

“ဆယ်ဇင်းကုန်းရွာနဲ့ မင်းကုန်းရွာ အကြားမှာ ရှေ့ထွက်မိုင်း ၆ လုံးနဲ့ ထီးချိုင့် ဘက် က ဆင်းလာတဲ့ စစ်ခွေးကား ၃ စီးကို စောင့်ကြိုတိုက်ခိုက်ခဲ့တယ်။ ကား တစ်စီး နေရာတင်ထိုးရပ်သွားတယ်၊ ကျန် ၂ စီးက လိုက်ပစ်လို့ ရဲဘော်တွေ ထိ ခိုက်မှု မရှိအောင် ပြန်ဆုတ်ခဲ့ရတယ်။ စစ်ခွေး အထိခိုက်များနိုင်တယ်” ဟု သပိတ် ကျင်းမြို့နယ် ပကဖ အဖွဲ့က ဗိုလ်စိုးကြီးက ပြောဆိုသည်။

Photo- အကြမ်းဖက်စစ်သားများ၏ ရက်ရက်စက်စက်သတ်ဖြတ်ခံခဲ့ရသော ပြည်သူ ၃ ဦး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article