36 C
Yangon

စစ်ကိုင်းမြို့နယ်တွင် စစ်တပ်က ၃ ကြိမ်မြောက် စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၇ ရွာမှ ပြည်သူ ၉၀၀၀ နီးပါး ထွက်ပြေး တိမ်းရှောင်နေရ

Must read

စစ်ကိုင်းမြို့နယ်တွင် စစ်တပ်က ၃ ကြိမ်မြောက် စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၇ ရွာမှ ပြည်သူ ၉၀၀၀ နီးပါး ထွက်ပြေး တိမ်းရှောင်နေရ

ရန်ကုန်၊ ဇန်နဝါရီ ၂၂

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် စစ်တပ်က စစ်ကြောင်းထိုးနေ၍ ပြည်သူ ၉၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များက ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့ တစ်ကြိမ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့နှင့် ၂၈ ရက်နေ့တို့တွင် ဒုတိယအကြိမ်၊ ယနေ့ ဇန်နဝါရီ ၂၂ ရက်နေ့ တွင် တတိယအကြိမ် အဖြစ် စစ်ကြောင်း ထိုးလာ ကြောင်း၊ စစ်တပ်က စစ်ကြောင်းထိုးမှုကြောင့် စစ်ကိုင်းမြို့နယ် သုံးလင့်၊ ကိုင်းပြင်၊ ကင်းတော်၊ လယ်ပယ်တော၊ မြင်းဆည်၊ ဥယျာဉ်၊ မြစ်သာ ကျေးရွာ များမှ အိမ်ထောင် စု ၁၀၅၀ ‌ကျော် ၊ လူဦးရေ ၈၇၅၀ ကျော် ဘေးလွတ် ရာနေရာ များသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

“ဧရာ၀တီမြစ်ကြောင်းတစ်လျှောက်ရွာတွေကို အပြောင်ရှင်းနေတာ။ မန္တလေး တိုင်း ဘက်ကို ကာတဲ့သဘောနေမယ်။ အခု စစ်ကိုင်းမြို့နယ်ဘက်မှာ စစ် ကြောင်း ထိုးလာတာ ၃ ကြိမ်မြောက်ပဲ” ဟု ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင် တစ်ဦး က ပြောသည်။

စစ်တပ်က ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်နေ့ စစ်ကိုင်းမြို့နယ်အတွင်း စစ် ကြောင်း ထိုးစဉ် မြင်းဆည်ရွာမှ နေအိမ် ၁ လုံး၊ လက်ပံတောရွာမှ နေအိမ် ၁ လုံး၊ လက်ပံတောဘုန်းကြီးကျောင်း၀င်းအတွင်း အဆောင် ၂ လုံး မီးရှို့ ဖျက် ဆီး ခဲ့ကြောင်း၊ ဒုတိယအကြိမ် အဖြစ် ဒီဇင်ဘာ ၂၇ ရက်နေ့နှင့် ဒီဇင်ဘာလ ၂၈ ရက် နေ့ စစ်ကြောင်းထိုးစဉ် မြင်းဆည်ရွာ လူနေအိမ် ၇၈ လုံး၊ သုံးလင့်ရွာ နေ အိမ် ၁၆လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် မြင်းဆည်ရွာမှ သက်ကြီးရွယ်အို ၁ ဦးကိုလည်း စစ်တပ်က မီးရှို့ သတ် ဖြတ်ခဲ့ပြီး စစ်ဘေးရှောင် အမျိုးသား ၃ ဦး အအေးမိသေဆုံးခဲ့ကြောင်း၊ ယနေ့ တွင် သုံးလင့်ရွာ ‌လူနေအိမ်တစ်လုံးမီးရှို့ကာ အုန်းတော ခြေရာတော်တောင် စစ်တပ်ထဲပြန်၀င်သွားကြောင်း သိရှိရသည်။

လက်ရှိတွင် စစ်တပ်က စစ်ကြောင်းထိုးနိုင်သဖြင့် ပြည်သူများ နေရပ်မပြန် နိုင်သေး ဘဲ တောထဲ တောင်ထဲတွင် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article