36 C
Yangon

စစ်ကိုင်းမြို့နယ်၊ နံနက်စာထွက်ဝယ်သည့် စစ်သား ၄ ဦး မိုင်းဆွဲခံရပြီး ၂ ဦးသေဆုံး၊ ရေးမြို့တွင် ဒုရဲမှူး လှိုင်မင်းသန့် ပစ်ခတ်ခံရပြီး သေဆုံး

Must read

စစ်ကိုင်းမြို့နယ်၊ နံနက်စာထွက်ဝယ်သည့် စစ်သား ၄ ဦး မိုင်းဆွဲခံရပြီး ၂ ဦးသေဆုံး၊ ရေးမြို့တွင် ဒုရဲမှူး လှိုင်မင်းသန့် ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁၂

စစ်ကိုင်းတိုင်း၊ စစ်ကုကိင်းမြို့နယ်တွင် နံနက်စာထွက်ဝယ်သည့် စစ်သား ၄ ဦး မိုင်းဆွဲခံရပြီး ၂ ဦးသေဆုံးကြောင်း Zero ပျောက်ကျားတပ်ဖွဲ့(မြင်းခြံ) တာဝန်ရှိသူ ကိုသက်ကြီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက် ၄ နာရီ ၂၀ မိနစ်အချိန် သံချပ်ကာကွပ်ကဲရေးဌာနချုပ် ၇၂ တပ်မှ စစ်အရာရှိ၏ မနက်စာအတွက် ထွက်ဝယ်သည့် စစ်သား ၄ ဦးလိုက်ပါသော ဆိုင်ကယ် ၂ စီးကို မိုင်းဆွဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ မိုင်းဆွဲမှုကြောင့် စစ်သား ၂ ဦးသေဆုံးပြီး စစ်သား ၁ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။

” စစ်ကိုင်းမြို့နယ် ခြေတော်ရာ နန်းတွင်းတပ် ဒေသခံတွေအသိများတဲ့ သံချပ်ကာကွပ်ကဲရေးဌာနချုပ် ၇၂ တပ် အရာရှိတွေအတွက် မနက်စာလာရောက်ယူဆောင်သော ဆိုင်ကယ် ၂ စီးနှင့် စစ်ခွေး ၄ ကောင်ကိုမိုင်းဆွဲခဲ့တယ်။ အရှေ့က စီးလာတဲ့ ဆိုက်ကယ်တစ်စီးနဲ့ခွေး၂ကောင်ကတော့ နေရာတင်သေပြီး စစ်ခွေး ၁ ဦးက ဒဏ်ရာရသွားတယ်။သေနတ်ကောက်ဖို့ ကျနော့်ကလေးတွေ ကြိုးစားသေးတယ်။ နောက်တစ်စီးက စစ်ခွေးက ဒဏ်ရာမရတော့ ကျနော်တို့ရဲဘော်တွေကို ပြန်ပစ်နေလို့ မနည်းပြေးခဲ့ရတယ်” ဟု ZERO ပျောက်ကျားတပ်ဖွဲ့(မြင်းခြံ)မှ တပ်ရင်းမှူး ကိုသက်ကြီးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ZERO ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)နှင့် သရဲနီ အဖွဲ့တို့ကပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အလားတူ မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ဒနအဖွဲ့ ခေါင်းဆောင် ဒုရဲမှူးလှိုင်မင်းသန့်ကို ဇန်နဝါရီလ ၁၁ ရက်နေ့ ည ၈ နာရီ ၁၅ မိနစ်အချိန်တွင် ရေးပျောက်ကျားတပ်ဖွဲ့က ပစ်ခတ်ရာ သေဆုံးသွားကြောင်း ရေးပျောက်ကျားတပ်ဖွဲ့ (YGF) မှ ဗိုလ်ကျန်ရစ်က ပြောသည်။

“ရေးခရိုင် ဒုစရိုက်နှိမ်နင်းရေးခေါင်းဆောင် ဒုရဲမှူးလှိုင်မင်းသန့်ကို ဇန်နဝါရီလ ၁၁ ရက်နေ့ ည ၈ နာရီ ၁၅ မိနစ်အချိန်မှာ ရေးမြို့ နယ် အောင်သုခရပ်ကွက်အုန်းတောမှာ ရေးပြောက်ကျားတပ်ဖွဲ့ ( YGF)က ရှင်းလင်းလိုက်ပါတယ်။ ထာ ဝရ ပေးအိပ်လိုက်ပါပြီ” ဟု ဗိုလ်ကျန်ရစ်က ပြောဆိုသည်။

ဓာတ်ပုံ- အကြမ်းဖက် စစ်တပ်က အကြမ်းဖက်ရဲများကို လေ့ကျင့်သင်ကြားပေးနေမှု မြင်ကွင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article