35 C
Yangon

စစ်ကိုင်းမြို့၊ ထုံးဘိုရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၁ ဦးကို မီးရှို့ သတ်ဖြတ်

Must read

စစ်ကိုင်းမြို့၊ ထုံးဘိုရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၁ ဦးကို မီးရှို့ သတ်ဖြတ်

ရန်ကုန်၊ ဇန်နဝါရီ ၁၈

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ထုံးဘိုရွာကို စစ်တပ်က ဝင်ရောက် စီးနင်း မီးရှို့မှုကြောင့် နေအိမ် ၁၅ လုံး ပြာကျခဲ့ပြီး ပြည်သူ ၁ ဦးကိုလည်း ရက်ရက် စက်စက် သတ်ဖြတ်သွားကြောင်း Wetlet Informational Network မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။

ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် အမှတ်-၃ ကားလမ်းပေါ်မှ ခြေလျင်တက်လာသော အကြမ်းဖက် စစ်တပ်မှ စစ်သားများသည် စစ်ကိုင်းမြို့နယ်၊ ထုံဘိုရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ ဝင်ရောက် စီးနင်း မီးရှို့ခဲ့ပြီး ပြည်သူပိုင် နေအိမ် ၁၅ လုံးနှင့် ဘုန်းကြီးကျောင်းဝင်းအတွင်းမှ ကျောင်းဆောင် ၂ ဆောင်လည်း မီးလောင်ပြာကျသွားကြောင်း၊ ကျေးရွာနေ ပြည်သူ ၁ ဦးကိုလည်း ဖမ်းဆီးနှိပ်စက်ပြီး မီးရှို့သတ်ဖြတ်သွားကြောင်း သိရသည်။

” ထုံးဘိုရွာကို စစ်ခွေးတွေက နံနက် ၁၀ နာရီလောက်မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး ဝင်လာတာ ပြည်သူ ကာကွယ်ရေးအဖွဲ့နဲ့ ခဏတော့ ပစ်ခတ်မှုဖြစ်ပြီး လက်နက် အင်အားမမျှလို့ ပြန်လည် ဆုတ်ခွာခဲ့ရတယ်။ အဲအချိန်မှာပဲ စစ်ခွေးတွေက ရွာထဲထိ ဝင်ရောက်ပြီး ပြည်သူပိုင် နေအိမ် ၁၅ လုံးကို မီးရှို့ ဖျက်စီးသွားတယ်။ နောက်ပြီး ဘုန်းကြီးကျောင်းဝင်းထဲက ကျောင်းဆောင် ၂ ဆောင်ကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်။ ကျေးရွာနေ ပြည်သူ ၁ ဦးကိုလည်း ခြေတွေ လက်တွေ ဖြတ်ပြီး အရှင်လတ်လတ် မီးရှို့သတ်သွားတယ်” ဟု Wetlet Informational Network မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ထုံးဘိုကျေးရွာကို မီးရှို့ဖျက်ဆီးပြီး ပြည်သူကို သတ်ဖြတ်ခဲ့သော စစ်ကြောင်း သည် ဇန်နဝါရီလ ၁၆ ရက်နေ့ ည ၁၁ နာရီ ၃၀ မိနစ်အချိန် စစ်ကိုင်းမြို့ရှိ အမှတ် ၃၃ စစ်တပ် မှ ထွက်လာသော စစ်ကြောင်း ဖြစ်​ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article