36 C
Yangon

စစ်ကောင်စီက အတင်းအကျပ် လုပ်ဆောင်သည့် ကယားပြည်နယ်နေ့ အခမ်း အနား ဒရုန်းဖြင့် ဗုံးကျဲမှု ၁ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများရှိ

Must read

စစ်ကောင်စီက အတင်းအကျပ် လုပ်ဆောင်သည့် ကယားပြည်နယ်နေ့ အခမ်း အနား ဒရုန်းဖြင့် ဗုံးကျဲမှု ၁ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများရှိ

ရန်ကုန်၊ ဇန်နဝါရီ ၁၅

ကယားပြည်နယ်စစ်ကောင်စီက ဦးဆောင်၍ ယနေ့ လွိုင်ကော်မြို့တော်ခန်းမတွင် ကယားပြည်နယ်နေ့ အခမ်းအနား လုပ်နေစဉ် ဒရုန်းဖြင့် ဗုံးကျဲမှု ရဲ ၁ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများရှိကြောင်း ဒေသပြည်သူများနှင့်ကယားစစ်ကောင်စီသတင်းရပ်ကွက်ထံမှ သိရှိရသည်။

ဇန်နဝါရီ ၁၅ ရက်နေ့ ကျရောက်သည့် ၇၁ နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားကို လွိုင်ကော် မြို့တော်ခန်းမတွင် ကျင်းပနေစဉ် ဒရုန်းဖြင့် ဗုံးကျဲချခြင်းဖြစ်ပြီး ဗုံးကျဲမှုကြောင့် ရဲ ၁ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများရှိကြောင်း သိရှိရသည်။

“ဗုံးကျဲခံရတာတော့ မှန်ပါတယ်။ လူနာတင်ကားတွေလည်း သွားတယ်။ ပေါက်ကွဲသံတွေလညည်းကြားရတယ်။ ပြန်ပစ်သံလည်း ကြားရတယ်။ မနက် ၇ နာရီ ၂၀ လောက်မှာ ၀ရုန်းသုန်းကားဖြစ်တာ။ ပွဲတက်တာကလည်း ဌာနဆိုင်ရာတွေနဲ့ ဘောမတွေချည်းပဲ တက်တာ” ဟု လွိုင်ကော်မြို့ခံတစ်ဦးက ဆိုသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက KNDF အဖွဲ့ထံသို့ ဆက်သွယ်မေးမြန်းရာ ကယားပြည်နယ်နေ့ အခမ်းအနား ဗုံးကျဲခံရသည့် ဖြစ်စဉ်ကို မသိရှိကြောင်း၊ စစ်တပ်ဘက်က လုံခြုံရေးတိုးမြှင့်ထားထားသည်ကိုသာ သိရှိကြောင်း ပြောဆိုသည်။

“ကျနော်တို့တော့ သတင်းမကြားရသေးဘူး။ လွိုင်ကော်မှာ ရှေ့ တစ်ရက် နှစ်ရက်လောက်က လုံခြုံရေး တင်းတင်းကျပ်ကျပ်ချထားတာပဲ သတင်းကြားရတယ်။ ကျန်တဲ့ကိစ္စတွေတော့ ဘာမှ မသိရသေးဘူး။ ကျနော်တို့ ဘာမှ မသိရသေးပါဘူး” ဟု KNDF ပြန်ကြားရေး တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article