28 C
Yangon

စစ်ကောင်စီ၏ တရားမဝင် ရွေးကောက်ပွဲတွင် မပါဝင်ရန်နှင့် သန်းခေါင် စာရင်း ကောက် ယူမှုကို အားပေးပြုသူများကို ပြင်းပြင်းထန်ထန် အရေးယူမည်ဟု NUG သတိပေး

Must read

စစ်ကောင်စီ၏ တရားမဝင် ရွေးကောက်ပွဲတွင် မပါဝင်ရန်နှင့် သန်းခေါင် စာရင်း ကောက် ယူမှုကို အားပေးပြုသူများကို ပြင်းပြင်းထန်ထန် အရေးယူမည်ဟု NUG သတိပေး

ရန်ကုန်၊ ဇန်နဝါရီ ၉

အကြမ်းဖက်စစ်ကောင်စီ၏ တရားမဝင်အတုအယောင်ရွေးကောက်ပွဲတွင် ပြည်သူ များ ပူးပေါင်းပါဝင်ခြင်းမပြုဘဲ ငြင်းဆန်ရန် အမျိုးသားညီညွတ်ရေး အစိုးရ၏ ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့ ဇန်နဝါရီ ၉ ရက်နေ့တွင် ကြေညာ သည်။

အကြမ်းဖက်စစ်ကောင်စီသည် တရားမဝင် အတုအယောင် ရွေးကောက်ပွဲ လုပ်ဆောင်နိုင်ရန် ဇန်နဝါရီလ ၉ ရက်နေ့မှ ၃၁ ရက်နေ့အထိ ၂၃ ရက်တာ “တစ်အိမ် တက်ဆင်း” လူဦးရေစာရင်း ကောက်ယူသွားရန် ဆောင်ရွက် လျက်ရှိပြီး အချို့သောနေရာများတွင် ဇန်နဝါရီလ ၇ ရက်နေ့ ကတည်းက စစ်ကောင်စီ၏ လက်ကိုင်တုတ် ဖြစ်သော အုပ်ချုပ်ရေးအဖွဲ့များနှင့် လဝက အဖွဲ့များက လူဦးရေနှင့် သန်းခေါင်စာရင်းများကို အတင်းအကျပ် ကောက်ခံ နေကြောင်း သိရှိရသည်။

ထို့ပြင် စစ်ကောင်စီ၏ တစ်အိမ်တက်ဆင်း မြေပြင်လူဦးရေ စာရင်းကောက်ယူ ရာတွင် အားပေးအားမြှောက်ပြုဆောင်ရွက်ကြသည့် အကြမ်းဖက်စစ်အုပ်စု၏ အုပ်ချုပ်ရေးအဖွဲ့များ၊ လဝကအဖွဲ့များနှင့် အခြားမည်သည့်ဒေါက်တိုင်မဆို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဖြင့် ပြင်းပြင်းထန်ထန် တရားစွဲဆို အရေး ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း NUG ၏ ကြေညာချက်တွင် သတိပေး ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article