38 C
Yangon

စစ်ကောင်စီ၏ ရိက္ခာတင်သင်္ဘောတစ်စီးကို PDF တပ်ဖွဲ့က သိမ်းပိုက်ရရှိပြီး တိုက်ပွဲအတွင်း စစ်သား ၂ ဦး သေဆုံး

Must read

စစ်ကောင်စီ၏ ရိက္ခာတင်သင်္ဘောတစ်စီးကို PDF တပ်ဖွဲ့က သိမ်းပိုက်ရရှိပြီး တိုက်ပွဲအတွင်း စစ်သား ၂ ဦး သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၄

ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသော အကြမ်းဖက်စစ်ကောင်စီ ရိက္ခာတင်သင်္ဘာတစ်စီးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ တိုက်ခိုက်သိမ်း ပိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးပြီး ရိက္ခာ များလည်း သိမ်းဆည်းရ ရှိလိုက်ကြောင်း DRPA အဖွဲ့မှ ပြန်ကြားရေးအဖွဲ့ဝင် ရဲဘောမင်းညိုက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇန်နဝါရီလ ၃ ရက် ည ၈ နာရီခန့်က မုံရွာမြို့မှ ချင်းတွင်း မြစ်ကြောင်း အတိုင်းဆန်တက်လာ သော ဖလက်အမြန်ယာဉ် ၂ စီးသည် ကနီမြို့နယ်၊ ငါးဖျက် ရွာအနီးတွင် သောင်တင်နေစဉ် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး အင်အား ၇၀ ခန့်ပါ ဖလက်ခွန်အမြန်ရေယာဉ် နှင့်လည်းတိုက်ပွဲဖြစ်နေကြောင်း သိရသည်။

“အမြန်ရေယာဉ် ၂ စီးနဲ့တက်လာတာ၊ တစ်စီးက အင်အား ၇၀ လောက်ပါတယ်။ ကျနော်တို့ရလိုက်တဲ့ ရိက္ခာတွေပါတဲ့ အမြန်ရေယာဉ်ပေါ်မှာတော့ ၅ ဦး၊ ၆ ဦး လောက်ပါမယ်၊ တက်လာရင်းနဲ့ စစ်သားတွေပါ အမြန်ရေယာဉ်က ရှေ့ကို ရောက်သွားတာ၊ ရိက္ခာတွေပါတဲ့တစ်စီးကနောက်မှကျန်ခဲ့ပြီးတော့ သောင်တင် သွားတော့ သူတို့နည်းနည်းကွာသွားတဲ့အချိန်မှာ ဝင်တိုက်သိမ်းပိုက်လိုက်တာ” ဟု ရဲဘော်မင်းညိုက ပြောကြားသည်။

ထိုသို့ တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီ ရိက္ခာတင်သင်္ဘော ပေါ်တွင် စစ်သား အလောင်း နှစ်လောင်းနှင့်ရိက္ခာများ သိမ်းပိုက်ရရှိခဲ့ကြောင်း၊ ကျန်အခြားစစ်သားများမှာ လက်နက်များကို သယ် ဆောင်ပြီး ရေကူးကာ အင် အား ၇၀ ခန့်ပါ အမြန်ရေယာဉ်ထံသို့ ထွက်ပြေးသွားကြောင်း၊ ရိက္ခာများသိမ်း ယူပြီးနောက် ယင်းအမြန်ရေယာဉ်ကို မီးရှို့ဖျက်ဆီးလိုက်ကြောင်း သိရသည်။

“ရလိုက်တဲ့ အမြန်ရေယာဉ်ပေါ်က သုံးလို့ရမယ့်ပစ္စည်းတွေကို ယူပြီး မီးရှို့ပေး လိုက်တယ်၊ သင်္ဘောကြီး ကို လိုလဲသုံးအဆင်ပြေတော့လေ၊ သုံးလို့ရတာတွေပဲ ယူလိုက်တာ၊ ပြီးတော့ အင်အား ၇၀ လောက်ပါတဲ့ အမြန်ရေယာဉ်ကလည်း ငါးဖျက်ရွာအကျော်လေးမှာ သောင်တင်နေတာ၊ သူတို့နဲ့က အင်အားများတာ ရယ်၊ လက်နက်အပြည့်အစုံရှိနေတာဆိုတော့ အနားကပ်ဖို့မလွယ်ဘူး” ဟု DRPA ပြန်ကြားရေးအဖွဲ့ဝင် ရဲဘော်မင်းညိုကပြောဆိုသည်။

အမြန်ရေယာဉ်ပေါ်မှာ သိမ်းပိုက်ရရှိသော ပစ္စည်းများမှာ အကြမ်းဖက် စစ်သား အလာင်းနှစ်လောင်း၊ ဆန် အိတ် ၈၂ အိတ် ၊ ပဲ ၁၀ အိတ် ၊ စားဆီပုံး ၁ ပုံး ၊ စစ် သုံး ကျောပိုးအိတ် ၃ လုံး၊ ကျည်ကာ အင်္ကျီများစသည် တို့ ဖြစ်ပြီး DRPA နှင့် KLG (ကျောက်လုံးကြီး)တပ်မဟာ တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article