37 C
Yangon

စစ်ကောင်စီ၏ လျှို့ဝှက် အစည်းအဝေး မှတ်တမ်း ပေါက်ကြားမှု မှတ်တမ်းဌာန ခေါင်းဆောင် ရဲမှူးချုပ် အောင်ဌေး မြင့် နှင့် ရုံးအဖွဲ့ဝင်များ ထိန်းသိမ်းစစ်မေးခံရ၊ အစည်း အဝေး တက်သူ အရာရှိများ၏ မိုဘိုင်းလ်ဖုန်းများလည်း သိမ်းဆည်း စစ် ဆေး ခံနေရ

Must read

စစ်ကောင်စီ၏ လျှို့ဝှက် အစည်းအဝေး မှတ်တမ်း ပေါက်ကြားမှု မှတ်တမ်းဌာန ခေါင်းဆောင် ရဲမှူးချုပ် အောင်ဌေး မြင့် နှင့် ရုံးအဖွဲ့ဝင်များ ထိန်းသိမ်းစစ်မေးခံရ၊ အစည်း အဝေး တက်သူ အရာရှိများ၏ မိုဘိုင်းလ်ဖုန်းများလည်း သိမ်းဆည်း စစ် ဆေး ခံနေရ

ရန်ကုန်၊ ဇန်နဝါရီ ၁၈

NUG ၊ CRPH နှင့် PDF တို့ကို ချေမှုန်းရေး အတွက် ပြည်ထဲရေးဝန်ကြီး စိုးထွဋ် ဦးဆောင်ကျင်းပသည့် စစ်ကောင်စီ၏ လျှို့ဝှက် အစည်းအဝေး မှတ်တမ်းများ ပေါက်ကြားသဖြင့် မှတ်တမ်းဌာန ခေါင်းဆောင် ရဲမှူးချုပ် အောင်ဌေးမြင့်နှင့် ရုံး အဖွဲ့ဝင် ရဲအရာရှိကြီး တချို့ စစ်မေးခံနေရကြောင်း သိရှိရသည်။

Khit Thit သတင်းဌာနက စစ်ကောင်စီ၏ လျှို့ဝှက်အစည်းအဝေး မှတ်တမ်းများ ကို ဇန်နဝါရီလ ၁၅ ရက်နေ့တွင် သတင်းဖော်ပြခဲ့ရာ ယင်းဖော်ပြမှုနောက် ဆက် တွဲ ထိန်းသိမ်းစစ်ဆေးမှုများ ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

“အစည်းအဝေးမှတ်တမ်း တက်လာတဲ့ညမှာပဲ ရဲမှူးချုပ် အောင်ဌေးမြင့်နဲ့ ရုံးအဖွဲ့ တွေ ထိန်းသိမ်းစစ်မေးခံရတယ်။ ဖမ်းတာတော့မဟုတ်ဘူး။ ဖုန်းတွေစစ်တယ်။ ခဏ ခေါ်မေးသလိုပေါ့။ အဲဒီလိုပဲ သိထားပါတယ်။ နောက်ပြီး အစည်းအဝေး တက်တဲ့သူတွေထဲက အရပ်ဘက် စစ်ဘက် အရာရှိတွေရဲ့ မိုဘိုင်းလ်ဖုန်းတွေကို တောင်းပြီး စစ်ဆေးတာတွေလည်းရှိတယ်။ အတော်တော့ ဗြောင်းဆန် သွား တယ်။ ဒီအစည်းအဝေးမှာ ချမှတ်တာတွေက ဒီ ၂၀၂၃ ခုနှစ်မှာ လုပ်မယ့် စီမံ ချက် တွေကို ဆွေးနွေးတာဆိုတော့ အရေးကြီးတဲ့ အစည်းအဝေး လည်း ဖြစ် တယ်။ ဒါကို တစ်ဖက်အဖွဲ့က သိသွားတော့ လုပ်မယ့် အလုပ်တွေ အားလုံး အကုန် ပျက်စီးနှောင့်နှေးမယ့်သဘော ဖြစ်ကုန်တော့ အခုလို စစ်ဆေးမှုတွေ ဖြစ်လာတာပါ” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောသည်။

အဆိုပါအစည်းအဝေးသို့ ပြည်ထဲရေးဝန်ကြီး စိုးထွဋ် အပါအဝင် ဌာနပေါင်းစုံမှ အရာရှိကြီး ၅၅ ဦးတက်ရောက်ခဲ့ကြောင်း သိရှိရသည်။

လတ်တလော ယာယီ ထိန်းသိမ်းစစ်မေးခံရသော ရဲမှူးချုပ်အောင်ဌေးမြင့်သည် နိုင်ငံဖြတ်ကျော်မှုခင်းဌာန၏ ဌာနကြီးမှူးဖြစ်ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့၏ တွဲဖက်အတွင်းရေးမှူးလည်းဖြစ်သည်။

လက်ရှိတွင် ပြည်ထဲရေးဝန်ကြီးဌာနနှင့် အရပ်ဘက် ဌာနများအတွင်း ခေတ်သစ် သတင်းဌာနထံသို့ သတင်းပေးသည့် အရာရှိ ဖရဲ သီး ရှိရမည်ဆိုသော ယူဆချက် ဖြင့် စစ်ဆေးမှုများ လုပ်ဆောင်နေသော်လည်း လက်ရှိအချိန်အထိ ဖရဲသီး ဆိုသူ ကို ဖမ်းဆီး ရမိခြင်း မရှိသေးဟု သိရှိရသည်။

အစည်းအဝေးမှတ်တမ်းကို ပေးပိုရာတွင် အစည်းအဝေး တက်ရောက်သူများ၏ နံပါတ်အစဉ်အလိုက် လျှို့ဝှက်ကုတ်များ ရေးသွင်း ပေးပို့ခဲ့သော်လည်း ခေတ် သစ် က ပြန်လည် ဖော်ပြချိန်တွင် လျှို့ဝှက်ကုတ်များနှင့် စာအမှတ်များ ဖျက် ထား သဖြင့် မည်သူ့ဆီက ပေါက်သည်ကို ခန့်မှန်း ရန်ခက် ခဲသွားခြင်းဖြစ် ကြောင်း သိရှိရသည်။

“ဥပမာ- အစည်းအဝေးစာရင်းမှာ ရဲမှူးချုပ် တင်ကိုကို ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး က အမှတ်စဉ် ၅၃ ဆိုရင် အစည်းအဝေး မှတ်တမ်း ပြန်လည်ပေးပို့တဲ့အခါမှာ ၅၃ ဆိုတဲ့ ကုတ်ကို စာမျက်နှာတိုင်း နေရာတိုင်းမှာ ခပ်သေးသေးလေး မထင်မရှား လက်ရေးလေးနဲ့ ထည့်ထားတယ်။ အဲဒါကို ကျနော်တို့က ဖျက်တယ်။ နောက်ပြီး တိုင်း/ပြည်နယ်အလိုက် လျှို့ဝှက်ကုတ်တွေ ရှိတယ်။ ဥပမာ မကွေးတိုင်းဆိုရင် စာအမှတ်မှာ ၁၈ ပေါ့။ အဲဒီလို ဟာမျိုးတွေကို ကျနော်တို့ ဖျက်တယ်။ အကြိမ် ကြိမ် အခါခါ စစ်ဆေး သန့်စင်ပြီးမှ စိတ်ချရမှ တင်တာပါ။ အဲဒါကြောင့် သူတို့ ဘယ်လိုမှ လိုက်လို့မရနိုင်တာပါ” ဟု ရန်ကုန်ခေတ်သစ်မှ အယ်ဒီတာတစ်ဦးက ပြောဆိုသည်။

ယခင်မန်နှစ်အတွင်း PDF ကို ကြောက်လန့်နေရဟု မကွေးဝန်ကြီးချုပ် တင့် လွင် ပြောဆိုသည့် မကွေး တိုင်း၊ စစ်ကောင်စီအစည်းအဝေး အသံဖိုင် Khit Thit သို့ ပေါက်ကြားမှုဖြင့် မကွေးတိုင်းအစိုးရ အတွင်းရေးမှူး ဒုညွှန်ချုပ် ဝင်းရှိန်ကို ယမန်နှစ် မေလ ၂ ရက်နေ့တွင် နိုင်ငံတော်လျှို့ဝှက် ဥပဒေချိုး ဖောက်သည်ဟု ဆိုကာ ရာထူးမှ ဖြုတ်ချ ဖမ်းဆီးအရေးယူခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ရန်ကုန်ခေတ်သစ်က ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မင်းအောင် လှိုင် ဦးဆောင်တက်ရောက်ခဲ့သည့် စစ်ကောင်စီအလွတ်သဘော လျှို့ဝှက် အစည်း အဝေး မှတ်တမ်းများကိုလည်း ဖော်ပြခဲ့သဖြင့် အရာရှိနှင့်ဝန်ထမ်းတချို့ ဖမ်းဆီးအရေးယူမှုများ ဖြစ်ပေါ်ခဲ့သည်။

အလားတူ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့ နေပြည်တော်တွင် အသံတိတ် သပိတ် တားဆီးရေး ပြည်ထဲရေးဝန်ကြီး စိုးထွဋ်ပြောဆိုသော လျှို့ဝှက် အစည်း အဝေး အသံဖိုင်ကို ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ဖော်ပြခဲ့ရာ အစည်း အဝေး တက်ရောက်ခဲ့သူ ဒုဝန်ကြီးမှစ၍ ထွေ/အုပ်အရာရှိကြီးများ၊ ရဲတပ်ဖွဲ့ အရာရှိကြီး များနှင့် စည်ပင် အရာရှိများ၊ ဌာနဆိုင်ရာများကို ခေါ်ယူ စစ်ဆေးခြင်း၊ မိုဘိုင်းလ် ဖုန်း များကို စစ်ဆေးခြင်းများ စစ်တပ်က လုပ် ဆောင်ခဲ့ကြောင်း သိရှိရသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ စစ်ဘက်၊ အရပ်ဘက် လျှို့ဝှက် ညွှန်ကြားမှု မှန် သမျှ ပေါက်ကြားနေသဖြင့် စစ်ကောင်စီက ညွှန်ကြားချက်များ မပေါက် ကြား စေရန် နည်းလမ်းမျိုးစုံ၊ ပုံစံမျိုးစုံဖြင့် ကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှု မရခဲ့ပေ။

ဓာတ်ပုံ- ရဲမှူးချုပ် အောင်ဌေးမြင့် ။ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article